093

219 11 0
                                    

ငါ့ဈာပနမှာ ငါကိုယ်တိုင်ဆေးလိပ်ထိုင်ဖွာ
အမှောင်ထုဟာ ငါ့ကိုဝါးမျိုတော့မှာကို
ငါက စီးကရက်တိုလေးနဲ့။
ပျော်လည်းနေ
မပျော်လည်းနေ
ဘဝမှာလွှတ်ချဖူးသူတွေအတွက် နောင်တမရပါနဲ့ တဲ့။

မှားခဲ့လား မှန်ခဲ့လား။
မဖြေပါနဲ့ ဒီအဖြေကိုအခုချိန်ကျမှ
တကူးတကြီးမသိချင်တော့ဘူး။

ဘဝမှာလွတ်သွားတဲ့ရထားတွေရှိတယ်
မှီရဲ့သားနဲ့ မတက်ဖြစ်ခဲ့တဲ့ရထားတွေရှိတယ်။

ငါဟာ မှတ်တိုင်မှာရပ်နေခဲ့တာလား
ဒါမှမဟုတ် ငါကိုယ်တိုင်က မှတ်တိုင်လား။

ဖြတ်တိုက်သွားတဲ့ လေညှင်းကလေးနဲ့
ဘယ်တော့မှ ပြန်မဆုံတော့ဘူးဆိုတာလည်း
ငါသေသေချာချာကြီး ရိပ်မိပါရဲ့။

#Meldian
#23May2021

******

ငါ့ဈာပနမွာ ငါကိုယ္တိုင္ေဆးလိပ္ထိုင္ဖြာ
အေမွာင္ထုဟာ ငါ့ကိုဝါးမ်ိဳေတာ့မွာကို
ငါက စီးကရက္တိုေလးနဲ႔။
ေပ်ာ္လည္းေန
မေပ်ာ္လည္းေန
ဘဝမွာလႊတ္ခ်ဖူးသူေတြအတြက္ ေနာင္တမရပါနဲ႔ တဲ့။

မွားခဲ့လား မွန္ခဲ့လား။
မေျဖပါနဲ႔ ဒီအေျဖကိုအခုခ်ိန္က်မွ
တကူးတႀကီးမသိခ်င္ေတာ့ဘူး။

ဘဝမွာလြတ္သြားတဲ့ရထားေတြရိွတယ္
မွီရဲ့သားနဲ႔ မတက္ျဖစ္ခဲ့တဲ့ရထားေတြရိွတယ္။

ငါဟာ မွတ္တိုင္မွာရပ္ေနခဲ့တာလား
ဒါမွမဟုတ္ ငါကိုယ္တိုင္က မွတ္တိုင္လား။

ျဖတ္တိုက္သြားတဲ့ ေလၫွင္းကေလးနဲ႔
ဘယ္ေတာ့မွ ျပန္မဆံုေတာ့ဘူးဆိုတာလည္း
ငါေသေသခ်ာခ်ာႀကီး ရိပ္မိပါရဲ့။

#Meldian
#23May2021

ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now