130

65 3 1
                                    

သူကြိုက်မယ်ထင်တဲ့ ကျူးလစ်တွေတစ်ခင်းလုံးသယ်လာ
အိမ်တံခါးခေါက်ပြီးမှ ငြင်းပယ်ခံလိုက်ရခြင်းတွေ
မိုင် ၆၀ ကျော်လာခါမှ
ဘယ်ကိုခရီးထွက်ရမှန်းမသိတဲ့ လမ်းပျောက်ခြင်းတွေ
ကျွန်မမှာမီးပွိုင့်တွေမြင်တိုင်း ဝင်တိုက်ချင်စိတ်ပဲဖြစ်ခဲ့တယ်။

အရာတစ်ခုခုရောက်လာမှာကိုစောင့်ရတာ ခက်ခဲတယ်
ပိုခက်ခဲတာဟာ လူတစ်ယောက်ရောက်လာမှာကိုစောင့်ရတာပဲ
အခက်ခဲဆုံးကဘာလဲ ရှင်သိလား
ကိုယ့်ဆီလာမယ့်လမ်းမရှိသူကို စောင့်ရခြင်းပဲ။

ဒီလိုပြောတော့ သူကခပ်ဟဟရယ်ရင်းလှောင်တယ်
ထားပါ ရှင်က ရှင်ချစ်တဲ့သူနဲ့ ရှင့်ကိုချစ်တဲ့သူ တစ်ထပ်တည်းကျခဲ့တာပဲ။

တစ်ဖက်သတ်တွေနဲ့ ကျွန်မမှာတော့
မတိုက်ခင်တည်းက လက်နက်ချခဲ့ရပါတယ်။

#13SEP2022
#မယ်ဒီယန်

ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now