115 ( Darkness - 25 )

362 28 0
                                    

ဒဏ်ရာကိုအလူးအလဲပြနေကြတဲ့ လူတွေကြားထဲ
ငါက ငါ့ဒဏ်ရာကိုအသာလေး
ဖွက်ထားလိုက်တယ်။

ငိုပြရင် "ဘာမှမဟုတ်တာကိုလာငိုနေတယ်" ဆိုတဲ့
လှောင်ရယ်သံတွေကြားထဲ
ငါက ငါ့ဒဏ်ရာကို
ဖန်ဘောင်ထဲသိမ်းပြီး ချောင်မှာထိုးထားရတယ်။

ဒီလူတော့ ငါ့အနားရှိမှာပါ လို့ထင်ခဲ့ပြီး
ဒီလူက ငါ့အနားမရှိတဲ့အခါ
ငါက တစ်ယောက်တည်းဆိုတာ
ပိုသေချာသွားတယ်။

ငါတို့ကသာ အထင်မှားနေတာပါ
ငါတို့ဟာ တစ်ယောက်တည်းမွေးလာပြီး
တစ်ယောက်တည်းသေရမှာ။

ငါတို့အတွက် ဆိုတဲ့ဖြစ်တည်မှုတွေက
တကယ်တော့ ပုံရိပ်ယောင်တွေ။
ဒီအချင်းအရာကို ငါတို့ရဲ့အရင်းနှီးဆုံးလူတွေက
ငါတို့ဘက်မရပ်တည်တဲ့အခါမှာ
ကွဲကွဲပြားပြားသိလာမှာပါ။   ။

#6June2021

*****

ဒဏ္ရာကိုအလူးအလဲျပေနၾကတဲ့ လူေတြၾကားထဲ
ငါက ငါ့ဒဏ္ရာကိုအသာေလး
ဖြက္ထားလိုက္တယ္။

ငိုျပရင္ "ဘာမွမဟုတ္တာကိုလာငိုေနတယ္" ဆိုတဲ့
ေလွာင္ရယ္သံေတြၾကားထဲ
ငါက ငါ့ဒဏ္ရာကို
ဖန္ေဘာင္ထဲသိမ္းၿပီး ေခ်ာင္မွာထိုးထားရတယ္။

ဒီလူေတာ့ ငါ့အနားရိွမွာပါ လို႔ထင္ခဲ့ၿပီး
ဒီလူက ငါ့အနားမရိွတဲ့အခါ
ငါက တစ္ေယာက္တည္းဆိုတာ
ပိုေသခ်ာသြားတယ္။

ငါတို႔ကသာ အထင္မွားေနတာပါ
ငါတို႔ဟာ တစ္ေယာက္တည္းေမြးလာၿပီး
တစ္ေယာက္တည္းေသရမွာ။

ငါတို႔အတြက္ ဆိုတဲ့ျဖစ္တည္မႈေတြက
တကယ္ေတာ့ ပံုရိပ္ေယာင္ေတြ။
ဒီအခ်င္းအရာကို ငါတို႔ရဲ့အရင္းႏွီးဆံုးလူေတြက
ငါတို႔ဘက္မရပ္တည္တဲ့အခါမွာ
ကြဲကြဲျပားျပားသိလာမွာပါ။   ။

#6June2021

ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now