094

221 17 0
                                    

ဒီဇင်ဘာလည်းမင်းနွေးနေဖို့မျှော်လင့်ပါတယ်

မနက်ခင်းလေအေးအေးတွေ
မင်းမျက်နှာပေါ် ဖြတ်လျှောက်သွားရင်
ငါတော့ မနာလိုတွေဖြစ်မိတော့မှာပဲ။

ဒီ,ဒီဇင်ဘာမဟုတ်လည်း
လာမယ့်ဒီဇင်ဘာတွေမှာ
မင်းနဲ့တူတူရှိချင်ကြောင်းပြောရင်
ရှက်ပြုံးလေးပြုံးပြီးယုံပါ ကောင်လေးရေ။

ဒီဇင်ဘာသီချင်းတွေများတယ်
ဒီဇင်ဘာနှင်းတွေများတယ်
ဒီဇင်ဘာဆောင်းတစ်ခုမှာ
မီးပုံလေးနား မင်းနဲ့အတူတူထိုင်ရဖို့ ငါဘယ်လောက်ထိထပ်စောင့်‌ပေးရမလဲ။

ဒီဇင်ဘာမှာရေးတဲ့စာပါ
နိုဝင်ဘာမှာ မင်းကိုနွေးစေချင်ခဲ့သလို
ဒီဇင်ဘာမှာလည်း မင်းကိုနွေးစေချင်တုန်းပါပဲ။

သိလား ကောင်လေးရေ
ဒီဇင်ဘာဟာအအေးဆုံးဖြစ်ပြီး
မင်းကိုအနွေးဆုံးဖြစ်စေချင်တဲ့လူဟာ ငါပါ။

- Meldian -

*****

ဒီဇင္ဘာလည္းမင္းေနြးေနဖို႔ေမ်ွာ္လင့္ပါတယ္

မနက္ခင္းေလေအးေအးေတြ
မင္းမ်က္ႏွာေပၚ ျဖတ္ေလ်ွာက္သြားရင္
ငါေတာ့ မနာလိုေတျြဖစ္မိေတာ့မွာပဲ။

ဒီ,ဒီဇင္ဘာမဟုတ္လည္း
လာမယ့္ဒီဇင္ဘာေတြမွာ
မင္းနဲ႔တူတူရိွခ်င္ေၾကာင္းေျပာရင္
ရွက္ၿပံဳးေလးၿပံဳးၿပီးယံုပါ ေကာင္ေလးေရ။

ဒီဇင္ဘာသီခ်င္းေတြမ်ားတယ္
ဒီဇင္ဘာႏွင္းေတြမ်ားတယ္
ဒီဇင္ဘာေဆာင္းတစ္ခုမွာ
မီးပံုေလးနား မင္းနဲ႔အတူတူထိုင္ရဖို႔ ငါဘယ္ေလာက္ထိထပ္ေစာင့္‌ေပးရမလဲ။

ဒီဇင္ဘာမွာေရးတဲ့စာပါ
ႏိုဝင္ဘာမွာ မင္းကိုေနြးေစခ်င္ခဲ့သလို
ဒီဇင္ဘာမွာလည္း မင္းကိုေနြးေစခ်င္တုန္းပါပဲ။

သိလား ေကာင္ေလးေရ
ဒီဇင္ဘာဟာအေအးဆံုးျဖစ္ၿပီး
မင္းကိုအေနြးဆံုးျဖစ္ေစခ်င္တဲ့လူဟာ ငါပါ။

- Meldian -

*****
date: 1.12.2020

ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now