014

690 65 0
                                    


ပြောနေကျစကားဝိုင်းလေး
တိတ်ဆိတ်သွားခဲ့တယ်။
အေးစက်သွားခဲ့တယ်။
​မှောင်မိုက်သွားခဲ့တယ်။

ထထွက်ခါနီး ကျနော်ကစကားတစ်ခွန်းဆိုတယ်
" ငါတို့တကယ်ဝေးသွားပြီ "

သူကလန့်သွားပုံမပေါ်ပဲနဲ့
စကားတစ်ခွန်းကိုပြန်ဆိုတယ်။
" ဘယ်တုန်းကမှ မနီးခဲ့ဘူးလေ " တဲ့...။

ကျနော်ကတော့ လန့်သွားပါတယ်
ချောက်ထဲကျသွားတဲ့ခံစားချက်လို

ဝေးပြီးရင်း..ဝေး........

အဲ့ဒီတည်းက ကျနော်တို့ ဝေး....။

***********

ေျပာေနက်စကားဝိုင္းေလး
တိတ္ဆိတ္သြားခဲ့တယ္။
ေအးစက္သြားခဲ့တယ္။
​ေမွာင္မိုက္သြားခဲ့တယ္။

ထထြက္ခါနီး က်ေနာ္ကစကားတစ္ခြန္းဆိုတယ္
" ငါတို႔တကယ္ေဝးသြားၿပီ "

သူကလန့္သြားပုံမေပၚပဲနဲ႕
စကားတစ္ခြန္းကိုျပန္ဆိုတယ္။
" ဘယ္တုန္းကမွ မနီးခဲ့ဘူးေလ " တဲ့...။

က်ေနာ္ကေတာ့ လန့္သြားပါတယ္
ေခ်ာက္ထဲက်သြားတဲ့ခံစားခ်က္လို

ေဝးၿပီးရင္း..ေဝး........

အဲ့ဒီတည္းက က်ေနာ္တို႔ ေဝး....။

ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now