116

290 28 0
                                    

သူများတွေ အချစ်ခံရဖို့
ချစ်မေတ္တာတွေအလုအယက်ဝယ်ယူနေချိန်မှာ
ကိုယ်ဟာရှိသမျှအကုန် မင်းကိုပေးခဲ့တယ်။

တိမ်ပြာတဲ့နေ့တွေမှာ
အဲ့ဒီကောင်လေးဟာ အညိုရောင်အစင်လေးဝတ်ထားပါတယ် တဲ့။

ဂျူပီတာဂြိုလ်မှာ ဘာတွေရှိမလဲ အချစ်ရယ်။
တကူးတကကြီးမသိချင်တော့ပါဘူး
မျက်ခုံးနက်နက်လေးထဲ ဘာတွေရှိမလဲပဲ ကိုယ်သိချင်ပါတော့တယ်။

ဘယ်သူ့အတွက် ဘာမှမဟုတ်ရင်တောင်
မင်းအတွက်တော့ ကိုယ်ဟာပြည့်စုံချင်ပါသေးတယ်။
မိုင်ပေါင်းထောင်ချီက ‌ပေးပို့လိုက်တဲ့
စာတွေကြားထဲ ကိုယ့်နာမည်ကိုရှာပါ။

မင်းပြီးရင် မင်းပဲရှိတဲ့ကိုယ့်ကမ္ဘာငယ်ထဲ
မင်းမဟုတ်ဘူးဆိုတဲ့အသိနဲ့
အကုန်လုံးကို ကိုယ်ဟာခေါက်ရိုးလေးချိုးပြီး ပြန်ထားဖြစ်ခဲ့တယ်။

မင်းဟာ ချစ်မေတ္တာဆိုတာထက်ပိုပါတယ်။
မင်းဟာ မပြိုလဲအောင် ပင့်ထားပေးချင်တဲ့ကောင်းကင်ပါ။
ပြီးမပြည့်စုံခြင်းတွေကြားထဲ
အခွင့်လေးများရှိရင်တော့
ကိုယ်ဟာ မင်းအတွက်
ပြီးပြည့်စုံတဲ့ မိန်းမငယ်တစ်ယောက်ဖြစ်ချင်ပါသေးတယ်။

- Meldian -
#08Aug2021

******

သူမ်ားေတြ အခ်စ္ခံရဖို႔
ခ်စ္ေမတၲာေတြအလုအယက္ဝယ္ယူေနခ်ိန္မွာ
ကိုယ္ဟာရိွသမ်ွအကုန္ မင္းကိုေပးခဲ့တယ္။

တိမ္ျပာတဲ့ေန့ေတြမွာ
အဲ့ဒီေကာင္ေလးဟာ အညိုေရာင္အစင္ေလးဝတ္ထားပါတယ္ တဲ့။

ဂ်ူပီတာၿဂိဳလ္မွာ ဘာေတြရိွမလဲ အခ်စ္ရယ္။
တကူးတကႀကီးမသိခ်င္ေတာ့ပါဘူး
မ်က္ခံုးနက္နက္ေလးထဲ ဘာေတြရိွမလဲပဲ ကိုယ္သိခ်င္ပါေတာ့တယ္။

ဘယ္သူ႔အတြက္ ဘာမွမဟုတ္ရင္ေတာင္
မင္းအတြက္ေတာ့ ကိုယ္ဟာျပၫ့္စံုခ်င္ပါေသးတယ္။
မိုင္ေပါင္းေထာင္ခ်ီက ‌ေပးပို႔လိုက္တဲ့
စာေတြၾကားထဲ ကိုယ့္နာမည္ကိုရွာပါ။

မင္းၿပီးရင္ မင္းပဲရိွတဲ့ကိုယ့္ကမ႓ာငယ္ထဲ
မင္းမဟုတ္ဘူးဆိုတဲ့အသိနဲ႔
အကုန္လံုးကို ကိုယ္ဟာေခါက္ရိုးေလးခ်ိဳးၿပီး ျပန္ထားျဖစ္ခဲ့တယ္။

မင္းဟာ ခ်စ္ေမတၲာဆိုတာထက္ပိုပါတယ္။
မင္းဟာ မၿပိဳလဲေအာင္ ပင့္ထားေပးခ်င္တဲ့ေကာင္းကင္ပါ။
ၿပီးမျပၫ့္စံုျခင္းေတြၾကားထဲ
အခြင့္ေလးမ်ားရိွရင္ေတာ့
ကိုယ္ဟာ မင္းအတြက္
ၿပီးျပၫ့္စံုတဲ့ မိန္းမငယ္တစ္ေယာက္ျဖစ္ခ်င္ပါေသးတယ္။

- Meldian -
#8Aug2021

ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now