128

57 5 0
                                    

ကျွန်မက စတယ်ရီနိုက်ထဲကကြောင်တစ်ကောင်ပါ
ဘယ်အမှောင်ချယ်ချယ်နေကြာတွေကတော့ရဲနေဦးမှာ
ဒီတခါအေးပြီးရင် နောက်တစ်အေးမှာပြန်နွေးမလား
သူကနှာဖျားလေးကိုထိရင်းပြောတယ်

စောင့်ရတာမကြိုက်ပါဘူး

ယတိပြတ်ငြင်းဆိုမှုတွေကို သူ့စက်ဘီးခြင်းလေးထဲ ထည့်
လာရာနေကြာလမ်းလေးအတိုင်းပြန်တယ်

နောင်တတွေ‌နဲ့မိန်းမတဲ့
တစ်အိမ်ကျော်ကအဖွားကြီးကပြောတယ်

ကျွန်မမှာ နောင်တမရှိ
နောက်တစ်ဖန်ပြန်ရောက်လည်း ကျွန်မရဲ့ရွေးချယ်မှုဟာဒီအတိုင်း

ကျွန်မက စောင့်ရတာမကြိုက်တဲ့မိန်းမလေ
ရွေးချယ်မှုမှာ အမှောင်တွေချည်းချယ်ထားတယ်
ကဲ ပြောစမ်း ချစ်ခြင်းမေတ္တာရယ်
နင့်နေကြာတွေဘယ်လောက်ရဲမလဲ ။

- Meldian -
#1NOV2022

ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now