069 ( Darkness-24 )

361 27 0
                                    

အခုတော့လည်းထားခဲ့နိုင်သူပဲဆိုပြီး
သူစိတ်တွေနာနေတော့မှာ
အရင်ကချစ်ပေးခဲ့တာတွေ
ဂရုစိုက်ပေးခဲ့တာတွေမေ့ပြီး
အခုချိန်မှာ သူမရှိလည်းဖြစ်သွားတဲ့
လူတစ်ယောက်လို့ပဲမြင်တော့မှာ
အစပိုင်းမှာဘယ်လောက်ကောင်းကောင်း
တစ်ခါလောက်ဆိုးလိုက်တာနဲ့
ကိုယ့်ကိုဗီလိန်လို့ခေါင်းစဥ်တပ်လိုက်တော့မှာ။
မင်းမှန်ပါတယ် အချစ်ရယ်
မင်းဟာအမြဲမှန်ပါတယ်။
ထားခဲ့တာမျိုးမဟုတ်ဘဲ
ထားခဲ့အောင်လုပ်ခဲ့တာပဲမဟုတ်လား။
အမြဲတမ်းမင်းအကြောင်းတွေတွေးပြီးပဲ
ရှင်သန်ပြရမှာမဟုတ်လား။
မင်းကိုပဲချစ်ပေးနေရမှာမဟုတ်လား။
ကိုယ့်ဘဝကိုကိုယ်ရှာတော့ အေးစက်လာတယ် တဲ့။
ထွက်သွားမယ်ဆိုတော့လည်းမဆွဲ
ထားခဲ့မယ်ဆိုတော့လည်းမဆွဲ
ဝေးပြီးရင်တော့မင်းကပျော်မှာပါ။
သူများနည်းတူ သာမာန်ဆက်ဆံရေးဆိုပေမဲ့လည်း
ကိုယ်ကနာရတဲ့ဘက်ကပါ။
မင်းကတော့
ထားခဲ့တာဖြစ်ဖြစ်
ထားခဲ့ခံရတာဖြစ်ဖြစ်
အဆင်ပြေတဲ့ဘက်ကပါ ။

#Meldian

*******

အခုေတာ့လည္းထားခဲ့နိုင္သူပဲဆိုၿပီး
သူစိတ္ေတြနာေနေတာ့မွာ
အရင္ကခ်စ္ေပးခဲ့တာေတြ
ဂ႐ုစိုက္ေပးခဲ့တာေတြေမ့ၿပီး
အခုခ်ိန္မွာ သူမရွိလည္းျဖစ္သြားတဲ့
လူတစ္ေယာက္လို႔ပဲျမင္ေတာ့မွာ
အစပိုင္းမွာဘယ္ေလာက္ေကာင္းေကာင္း
တစ္ခါေလာက္ဆိုးလိုက္တာနဲ႕
ကိုယ့္ကိုဗီလိန္လို႔ေခါင္းစဥ္တပ္လိုက္ေတာ့မွာ။
မင္းမွန္ပါတယ္ အခ်စ္ရယ္
မင္းဟာအၿမဲမွန္ပါတယ္။
ထားခဲ့တာမ်ိဳးမဟုတ္ဘဲ
ထားခဲ့ေအာင္လုပ္ခဲ့တာပဲမဟုတ္လား။
အၿမဲတမ္းမင္းအေၾကာင္းေတြေတြးၿပီးပဲ
ရွင္သန္ျပရမွာမဟုတ္လား။
မင္းကိုပဲခ်စ္ေပးေနရမွာမဟုတ္လား။
ကိုယ့္ဘဝကိုကိုယ္ရွာေတာ့ ေအးစက္လာတယ္ တဲ့။
ထြက္သြားမယ္ဆိုေတာ့လည္းမဆြဲ
ထားခဲ့မယ္ဆိုေတာ့လည္းမဆြဲ
ေဝးၿပီးရင္ေတာ့မင္းကေပ်ာ္မွာပါ။
သူမ်ားနည္းတူ သာမာန္ဆက္ဆံေရးဆိုေပမဲ့လည္း
ကိုယ္ကနာရတဲ့ဘက္ကပါ။
မင္းကေတာ့
ထားခဲ့တာျဖစ္ျဖစ္
ထားခဲ့ခံရတာျဖစ္ျဖစ္
အဆင္ေျပတဲ့ဘက္ကပါ ။

#Meldian

ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now