ပဉ္စလက်နွေဦး

78 5 0
                                    

ဒီအချိန်မှာဒီနေရာမျိုးမှာ တစ်သက်တာအတွက်ကျွန်တော့်ကို အရှက်အရစေဆုံး ၊ မျက်လုံးတစ်စုံကိုကြုံတွေ့ခဲ့ရမယ်လို့လုံးဝမထင်ခဲ့မိပါ။
တကယ်တော့ ဒါဟာ ကျွန်တော့်တစ်သက်တာဘဝလုံး တပ်မက် မျှော်လင့်နေခဲ့တဲ့ မဆုံးနိုင်သောအိမ်မက်ရှည်ရှည်ထဲက ရတနာပါ။ အနှစ်နှစ်ဆယ်လုံးလုံးပျောက်ဆုံးနေခဲ့တဲ့ အဲ့ဒီရတနာကို ကျွန်တော့်ခင်ပွန်းဆုံးတဲ့နေ့၊တိတိကျကျပြောရရင် မြေချတဲ့နေ့မှာ လုံးဝမမျှော်လင့်မိပါပဲနဲ့ စက္ကန့်တချို့ ပြန်တွေ့ခွင့်ရလိုက်တယ်။
ကျွန်တော်သေဆုံးသည်ထိ၊ နောင် ဘယ်တော့မှ ပြန်မတော့မယ့် ၊အပြီးတိုင်‌ဆုံးရှုံးရတော့မယ့် အရာပါပဲ။
ဒါဟာထူထဲနက်မှောင်တဲ့ မျက်ခုံးထူထူအောက်က အခုချိန်အထိအသွေးအရောင် မပြောင်းဘဲ တလက်လက်တောက်ပနေသေးတဲ့ ချစ်ရသူရဲ့ ညိုလဲ့လဲ့မျက်ဝန်းတစ်စုံလေ...

တကယ်တော့ အထက်တန်းကျောင်းသား/သူဘဝဆိုတာသန့်စင်ရိုးသားလှပါတယ်။
ပြီးတော့ တစ်ဘဝစာဒဏ်ရာတွေအထပ်ထပ်နဲ့နာကျင်နေရလိမ့်မယ်လို့ လုံးလုံးမထင်မိတဲ့ ကိုယ့်နှလုံးသားကို ကိုယ့်ဖာသာ ကိုယ်လှုပ်နှိုးမိတတ်တဲ့ အရွယ်လည်း ဖြစ်နေပြန်တယ်။
'ဖြူယော်ယော် လူကောင်သေးသေးလေးတစ်ယောက်ရဲ့ အချိုးအစား ပြေပြစ်လွန်းလှတဲ့ သည်မျက်နှာ ၊ အထူးသဖြင့် နက်မှောင်သန်စွမ်းတဲ့မျက်ခုထူထူအောက်ကစူးရှကြည်လင်လွန်းတဲ့ မျက်လုံးညိုညိုတစ်စုံပေါ်မှာ ကျွန်တော့်ဘဝတစ်ခုလုံးကို နှစ်ပေါင်းများစွာ တည်ဆောက်ထားရလိမ့်မယ်လို့ ယောင်မှားလို့တောင် မထင်ခဲ့မိပါဘူး'
ဒါပေမယ့်. . .။

အဝါရောင်ဆောင်းရက်များ၏မိုးစက်ပုံပြင်Where stories live. Discover now