ယွန်းဂီ ကျွန်တော်တို့ မြို့ကလေးကိုခွဲခွာချိန်ကစပြီး အိမ်မှုကိစ္စလုပ်ချိန်နဲ့ ရုံးသွားချိန်ကလွဲရင် ကျွန်တော့်အချိန် အားလုံးလိုလိုကို အဘိုးရဲ့ စာကြည့်ခန်းထဲမှာပဲ ကုန်လွန်စေခဲ့တယ်။ တစ်ချို့ညတွေမှာ အိပ်ခန်းရှိရာကိုတောင် ပြန်တက်မအိပ်တော့ဘဲ ကျွန်းသား ပက်လက်ကုလားထိုင်အိုကြီး ပေါ်မှာညတွေကုန်ဆုံးခဲ့တယ်။နေ့သစ်တွေ သန့်စင်ခဲ့တယ်။
တသီးတသန့်နေပြီး သိမ့်သိမ့်လေး လွမ်းနေရတာကိုက အရသာတစ်မျိုး၊ စွဲလမ်းတပ်မက်စေတဲ့ အလေ့အကျင့်တစ်မျိုးဖြစ်ခဲ့ပြီ။
ဒီအခန်းလေဟာ ကျွန်တော့်အတွက်တော့ ကြီးကျယ်ခန်းနားလှတဲ့ တစ်ထီးတစ်တနန်းလည်းဖြစ်ခဲ့။
နွေမရောက်ခင် နေ့ရက်အထိ လှပလွန်းတဲ့ အိပ်မက်တွေထဲ လိပ်ပြာတွေလည်း ဝဲလို့ပျံလို့။
လွမ်းတမ်းတခြင်းဆိုတဲ့ ဝတ်ရုံကို ချစ်သူရဲ့ကိုယ်ငွေ့လို လွှမ်းခြုံရင်း၊ပြတင်းပေါက်ကလေးရဲ့ အကူအညီယူလို့ သဘာဝတရားနဲ့ ကျွန်တော်နှစ်ယောက်တည်း နေခွင့်ရနေချိန်လေးဟာ ကျွန်တော့်အတွက် အသာယာဆုံး စိတ်အချမ်းမြေ့စေဆုံး အချိန်ပါ။
ဒါပေမဲ့...။
YOU ARE READING
အဝါရောင်ဆောင်းရက်များ၏မိုးစက်ပုံပြင်
Fanfictionတခါက နေ့ရက်တစ်ရက်တွင် ဤသို့ဖြစ်ပျက်ခဲ့ဖူးသည်။