Part~4

23 3 0
                                    

{နာမည်တွေကို မြန်မာလိုပဲရေးလိုက်တော့မယ်နော်}

'ထယ်...! တို့နှစ်ယောက် ဒီရုံးမှာ အလုပ်လုပ်နေတာ နှစ်လနီးပါး ရှိသွားပြီ၊ နင်ငါ့အပေါ် အသေးစိတ်ကအစ သိပ်ဂရုစိုက်၊ သိပ်အနွံတာခံတယ်။ အဲ့ဒါဘာဖြစ်လို့လဲဟင်...'
ကျွန်တော် ရယ်ချင်မိသွားတယ်။
စိုင်းထီးဆိုင် သီချင်းကို စိတ်ထဲမှာ ညည်းမိတယ်၊(မသိလို့မေးတာလား၊ သိလျက်နဲ့မေးတာလား)‌ဆိုတဲ့အပိုဒ်ကိုပါ၊
ရင်ခုန်စွာ ငုံ့ထားမိတဲ့ မျက်နှာကို ပြင်ပြီး မော့ကြည့်လိုက်တဲ့အခါမှာ ကျွန်တော့်မျက်နှာဟာ နဂိုပုံမှန်တိုင်း ဖြစ်မနေမှာတော့ သေချာသလောက်ရှိပါရဲ့။ နှုတ်ဆိတ်နေလို့ မဖြစ်တဲ့အတူ ကျွန်တော်အားတင်းပြီး ပြောလိုက်ပါတယ်၊နှုတ်ဖျားက ခုန်ထွက်သွားတဲ့ အသံဟာ တကယ့်ကိုကတုန်ကယင် မဝံ့မရဲ။
'ညီအကို တစ်ယောက်လို ချစ်လို့ပေါ့'
ထမင်းဘူးပေါ်က လက်သုတ်ပဝါကို ဖြည်ဖို့ကြိုးစားနေတဲ့ ကျွန်တော့်လက်အပေါ် နွေးထွေးသန်စွမ်းလှတဲ့ လက်တစ်ဖက် အုပ်မိုးဆုပ်ကိုင်လာတယ်။
'ထယ် ညာတယ်'
'ငါဘာလို့ ညာရမှာလဲ။နင်ဟာငါ့အတွက် မောင်ဆိုးဆိုးလေး (ဒီထဲမှာ ယွန်းဂီက ထယ်ထက်ငယ်ပါတယ်)တစ်ယောက်ပဲပေါ့။ အကိုအပေါ် အမြဲအနိုင်ကျင့်တတ်တဲ့ မောင်ဆိုးဆိုးလေး‌လေ...နော့...၊ဟုတ်ဘူးလား'
အပြောင်အပြက်မျက်နှာနဲ့ ကျွန်တော် သူ့ကိုကြည့်လိုက်တယ်။
သူ့မျက်လုးစုံဟာ ပိုမိုညို့‌ေမှာင်တောက်ပနေပါလား။
တည်ငြိမ်လွန်းတယ်။
ကျွန်တော့်မျက်လုံးတွေကို ရဲရဲဝံ့ဝံ့ ထွင်းဖောက်စူးစိုက်ကြည့်နေတယ်။ဘယ်ဘက်လက်က ကျွန်တော့်လက်တွေအပေါ် ဆုပ်ကိုင်ထားလျက်ကပဲ ညာဘက်လက်နဲ့ ဖိုင်တွေအောက်က စာအုပ်တစ်အုပ်ကို သူဆွဲထုတ်လိုက်တယ်။
အဲဒီစာအုပ် ကိုမြင်လိုက်ရတယ်ဆိုရင်ပဲ ကျွန်တော့်ရဲ့အမြင်အာရုံတွေဟာ ပြာနှမ်းသွားတော့တယ်။
ပါးနှစ်ဖက်ဟာ ဆောင်းရာသီမဟုတ်ပါပဲနဲ့ ချယ်ရီပွင့်ဖတ်တွေဖြစ်နေလိမ့်မယ်။
ကိုယ့်ပေါ့လျော့မှုကိုပဲ အခါခါ ကျိန်ဆဲနေတာကလွဲပြီး ဘာများတတ်နိုင်တော့မှာလဲ။
'ဇွန်းခက်ရင်းယူရင်း ထယ့် အံ့ဆွဲထဲကတွေ့တာ'
ရှက်စိတ်နဲ့ ခေါင်းငုံ့မျက်လုံးမှိတ်လျက်က စားပွဲပေါ်တင်ပေးလိုက်တဲ့ စာအုပ်အဖုံးကို အတိုင်းသားမြင်နေမိတယ်။
အဝါရောင်ရွက်ကြွေသောအလယ်မှာ အထီးထီးရှိနေတဲ့ ခုံတန်းဖြူဖြူလေး။
အဲဒီခုံပေါ်မှာ ရွှေဝါရောင်ဆံပင်ကောက်ကောက်နဲ့ကောင်လေးတစ်ယောက်က ထိုင်လျက် ခေါင်းငုံ့နေ။အဲ့ကော‌င်လေးပေါင်ပေါ်မှာ ကောင်လေးတစ်
ယောက်ခေါင်းတင်ပြီး သူ့မျက်နှာပေါ် ငုံ့မိုးကြည့်နေတဲ့ ကောင်လေးမျက်နှာကို ကောင်းကင်ကြီးတစ်ခုလို မော့ကြည့်ကြည်နူးနေတယ်။
ကောင်လေးက သူ့ညာလက်မှာ ဖွဖွလေးကိုင်ထားတဲ့ ပန်းဖြူဖြူတစ်ပွင့်နဲ့ ရွှေဝါရောင်ဆံပင်ကောက်ကောက်နဲ့ ကောင်လေးပါးပြင်နုနုကို ပွတ်သပ်ကျီစယ်လို့။
ကျွန်တော့်စာအုပ်အဖုံးလေးဟာ ငယ်ရွယ်သူတိူ့ချစ်ခြင်းကို လင်းလင်းချင်းချင်းမြင်နိုင်အောင် ဖွဲ့ဆိုပုံဖော်ထားပါတယ်။စာအုပ်အဖုံးကို လှန်လိုက်ရင် ပထမဆုံးစာမျက်နှာရဲ့ ဘယ်ဘက်ထောင့်ကနေ နောက်ဆုံးစာရွက်အောက်ခြေအထိ တစ်အုပ်လုံး အကြားအလပ်မရှိ ပြည့်နှက်နေအောင် ရေးထားတဲ့ အမည်နာမတစ်ခုကိုတွေ့လိမ့်မယ်။
အဲ့ဒီနာမည်က ယွန်းဂီ ပါ။
ကျွန်တော့်ရင်ထဲက ယွန်းဂီ။
ချစ်ခင် စွဲလမ်းမှုရဲ့ မြစ်ဖျားရေစက် ယွန်းဂီ ပါပဲ။
သူ့ကို သတိရတိုင်း၊ သူ့ကိုချစ်တဲ့စိတ်နဲ့ တုန်ယင်လာတိုင်း၊အိပ်မရ ည‌အတွေးထဲ သူနဲ့ဆုံတိုင်း မပျက်မကွက် ကျွန်တော်လုပ်လေ့ရှိတဲ့ အလုပ်ကတော့ ဒီစာအုပ်ထဲမှာ သူ့နာမည်ကိုအကြိမ်ကြိမ်ရေးနေမိခြင်းပါပဲ။
အခုတော့ ကြိတ်မှိတ် မြိုသိပ်ထားသမျှ လျှို့ဝှက်ချက် အားလုံးဟာ...!
ကျွန်တော် သိပ်ရှက်နေပြီလို့ ရှက်စိတ်ထဲ အာရုံထားတဲ့ ကြားက သူ့ကိုသိပ်ချစ်နေမိကြောင်း သေသေ‌ချာချာကြီးကို သိသာနေပြန်ပါတော့တယ်။

အဝါရောင်ဆောင်းရက်များ၏မိုးစက်ပုံပြင်Où les histoires vivent. Découvrez maintenant