part~1

48 3 0
                                    

ဒါတွေက တကယ်ပဲဖြစ်ပျက်ခဲ့တယ်။ တကယ့်ကိုနှစ်ပေါင်းများစွာ ကြာသည်အထိ တငွေ့ငွေ့‌လောင်ကျွမ်း‌ေတာက်‌ေလာင်ဆဲ။
    Yoongiဆိုတဲ့ အမည်နာမဟာ ကျွန်တော်တို့ကျောင်းရဲ့ ကျောင်းသူတွေကြားမှာ ဆွဲဆောင်အားကောင်းလွန်းတဲ့ သက်ေတတစ်ခုပါ။ သူနဲ့ ခင်မင် ရင်းနှီး မိတ်ဆွေဖြစ်လိုသူတွေ ....၊တတ်နိုင်ရင်တစ်ဆင့်တက် ရင်းနှီးလိုသူတွေ ဝိုင်းဝိုင်းကိုလည်လို့။။
    သူကတော့လူတစ်မျိုးပါ။
    သူ့အပေါ်တိမ်းညွတ်နေတဲ့ မျက်လုံးတွေရဲ့အင်အားကိုသူသိမှာပါ။သူသိမှာပါဆိုတဲ့ အတွေးဟာ ကျွန်တော့်အထင်သက်သက်လဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
     သူ့ကို ကျွန်တော် ရှင်းရှင်းကြီး မြင်တွေ့နေရတာကတော့ ကျောင်းစာ၊ သီချင်းနဲ့ ဘောလုံးကန်ခြင်းကလွဲလို့ ဘာကိုမှ မက်မက်စက်စက် မရှိသူ။တစ်ကိုယ်ရေဘဝမှာ နှစ်ခြိုက်စွာပျော်ပိုက်နေထိုင်သူ ဖြစ်နေတာကိုပါပဲ။
      သူ ဘောလုံးကန်ပြီဆိုရင် သူ့ကိုအားပေးကြီးကြတဲ့ ကျောင်းသူတွေရဲ့အသံက ကွင်းဘေးမှာ ဆူညံလို့။
      အသံဩဇာ ကောင်းလွန်းရုံမက ဆွဲဆောင်အားကောင်းလွန်းသူ။
      ကျွန်တော်တို့ တောင်ပေါ်မြို့ကလေးရဲ့တီးဝိုင်းမှာ သူသီချင်းဆိုရင်သူ့နာမည်တပ်ပြီးသီချင်းတောင်းကြတဲ့သူတွေများ ပေါများလို့။
      အာ့သလိုအနေအထားမျိုးမှာ ပတ်ဝန်းကျင်ကို မထုံတတ်တေး အေးတိအေးစက် တုံ့ပြန်တတ်တဲ့သူ့အမူအရာကို မိန်းကလေးတော်တော်များများ အသည်းတယားယားဖြစ်တတ်ကြတယ်။
      အဲ့ဒီထဲမှာ ကျွန်တော်လည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့ရတာကိုတော့ မရှက်မကြောက်ဝန်ခံပါရစေ။
       တစ်တန်းတည်းသား၊ ကျွန်တော့်ရဲ့ အရှေ့ဘက် ဘေးဘက်မှာအမြဲထိုင်လေ့ရှိတဲ့ သူ့ကိုစတင် စိတ်ဝင်စားခဲ့သူ၊ ရှင်းအောင်ပြောရရင်စချစ်ခဲ့သူကကျွန်တော်ပါပဲ။
        သူ့ကို စိတ်ဝင်စားတဲ့သူတွေ များလာနေတာကိုသိရလေလေ ကျွန်တော့်စိတ်တွေ ပိုမိုလှုပ်ရှားယိမ်းယိုင်လာလေလေနဲ့ လပေါင်းများစွာ ဖြတ်သန်းခဲ့ရပါတော့တယ်။
        သူ့ကို ကျွန်တော် တကယ်ချစ်မိနေပြီဆိုတာ ကျွန်တော်ကိုယ်တိုင် သေသေချာချာ သိလိုက်တဲ့နေ့ ကျွန်တော်တို့ ကျောင်းနဲ့ အခြားကျောင်းရဲ့ ဘောလုံး‌ဗိုလ်လုပွဲနေ့ပါပဲ။
         အဲ့နေ့က တစ်ကွင်းလုံးမှာ မိုးတွေရွာတယ်။
         ကျွန်တော့်ရင်ထဲမှာ ချစ်ခြင်းမိုးတွေသည်းသည်းစွေတယ်။ကျွန်တော့်ရဲ့ မာနက ကျွန်တော်ဘက်က စချစ်မိပြီဆိုတာ သေချာခဲ့တဲ့ အဲ့ဒီနေ့အကြောင်းကို ဘယ်သူ့ကိုမှ ဖွင့်ပြောဖို့ ခွင့်မပြုခဲ့ပါဘူး။ ဒဏ်ရာရနေတဲ့ သူ့ခြေထောက်က သွေးစီးကြောင်းတွေကို သန့်စင်နေရင်း သူနာကျင်မှာစိုးလို့ လေနဲ့ တဖွဖွမှုတ်ပေးနေမိတဲ့ အချိန်လေးတစ်ခုမှာ ကျွန်တော်မျက်နှာဟာ မိုးရေထဲမှာ မီးလောင်နေခဲ့ပါတယ်။
         ငါ စာသင်နေတုန်းအရွယ်ဆိုတဲ့ အသိနဲ့ ရေလာအောင်‌ မြောင်းမဖောက်ရဲခဲ့တာ အမှန်ပါ၊ ကျွန်တော်ဘက်က ရေမြောင်းကိုအကြိမ်ကြိမ်ဖောက်မိတယ်ထားဦး၊ကျွန်တော်ချစ်တဲ့  ရေခဲမြစ်တစ်စင်းဆီက
ရေကြည်လေးတစ်ပေါက်တောင်မှ စီးလာနိုင်ပါ့မလား။ သံသယစိတ်၊ အားငယ်စိတ်၊ပင်ပန်းစိတ်၊တစ်ထွေးတစ်ပိုက်နဲ့ ဆယ်တန်းစာသင်နှစ်ဟာ ကုန်ဆုံးလွန်မြောက်ခဲ့ပါပြီ။
     

အဝါရောင်ဆောင်းရက်များ၏မိုးစက်ပုံပြင်Where stories live. Discover now