Part~6

23 1 0
                                    

ဒေါက်...ဒေါက်...ဒေါက်
ကျွန်တော်ကျောမှီထားတဲ့ တံခါးမကြီးကို တိုးတိုးတိတ်တိတ် ခေါက်လိုက်တဲ့ သုံးချက်။
  ယွန်းဂီပဲနေမှာပါ။
လောလောဆယ် ဒီအိမ်မှာ သူရယ်၊ကျွန်တော်ရယ် နှစ်ယောက်ပဲ ရှိတာ။ ဘာဖြစ်လို့သူပြန်လာတာလဲ။ကျွန်တော့်ကိုပြောစရာစကားတွေ ကျန်နေသေးလို့လား။
  ဒေါက်...ဒေါက်...ဒေါက်
  အတွေးအမျှင် မပြတ်ခင် တံခါးခေါက်သံတွေ ထွက်ပေါ်လာပြန်တယ်။တကယ်လိုများ သူနမ်းမယ်ဆိုရင်တောင် ကျွန်တော့်ခေါင်းကလေး မော့ပေးလိုက်ဖို့ အဆင်သင့်ပါပဲ။ တံခါးရွက်ဟာ တဖြည်းဖြည်း ကျွန်တော့်လက်ထဲမှာပွင့်အာလာနေတယ်။ကျွန်တော့်ရဲ့ မျက်လုံးအစုံကလည်း တံခါးရဲ့တစ်ဖက်ကို မက်မက်မောမောစူးစိုက်ကြည့်လို့၊ တစ်နေရာအရောက်မှာတော့ တံခါးရွက်ရဲ့ ဒေါင်လိုက်မျဉ်းနဲ့ အနားသတ်ထားတဲ့ ချစ်သူရဲ့ခန္ဓာက်ုယ်တစ်ပိုင်းတစ်စပေါ်ထွက်လာတယ်။
   နောက်...ပျော့ခွေခွေ ဆံပင်နက်တွေနဲ့ ချစ်သူရဲ့ မျက်နှာတစ်ခြမ်း။
   ကျွန်တော်ဟာ လောဘတကြီးပဲ တံခါးကို အကုန်ဖွင့်လိုက်ပြီး ယွန်းဂီနဲ့ မျက်နှာခြင်းဆိုင်လိုက်တယ်။
   'ယွန်းဂီ...ဘာများ ကျန်ရစ်ခဲ့လိုလဲ'
   ရင်ထဲမှာတော့ အနမ်းလက်ဆောင်လို့ပြန်ဖြေစေချင်လိုက်တာ။
    သူတကယ်ကို အဲ့သလိုဖြေလိုက်ရင်ရော...၊ ကျွန်တော်ကြားရဲမှာလား။
     ဒါပေမဲ့ ကြားလိုက်ရတာက..။
     'ဘာမှ မကျန်ခဲ့ဘူး...၊ ထယ့်အိမ်ကြီးထဲက ငါပြန်မထွက်တတ်တော့လို့၊ ဘယ်တံခါးဖွင့်ဖွင့် အပြင်မရောက်ဘဲ အခန်းတွေထဲကို ပဲပြန်ရောက်ရောက်နေတယ်။ငါ့ကိုလမ်းပြပါဦး'
     ကျွန်တော် သက်ပြင်းရှည်တစ်ချက် ချလိုက်မိသလား။
     မသေချာ။
    ထွက်ပေါက်ရှိရာ ညွှန်ပြလို့ သူ့ကျောပြင်ကိုသာ ငေးကြည့်နေမိပါတော့တယ်။
    နှင်းမှုန်မှုန်လေးတွေကြားမှာ ရှည်မတ်မတ် သူ့ခန္ဓာကိုယ်ဟာ တဖြည်းဖြည်း မှုန်ရီဝိုးဝါး...။
    

 

အဝါရောင်ဆောင်းရက်များ၏မိုးစက်ပုံပြင်Unde poveștirile trăiesc. Descoperă acum