Empress Xiao

12K 493 10
                                    

လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာ၌ ကမ္ဘာမြေပေါ်တွင် နတ်နဂါးကိုးကွယ်မှုများကြီးစိုးခဲ့ဖူးသည်။
မည်သူမည်ဝါက အစပြုကိုးကွယ်ခဲ့သည်ဟု သမိုင်းမှတ်တမ်းတွေမရှိသော်ငြား တရုတ်လူမျိုးအချို့ကတော့ ရှန်မင်းဆက်ရဲ့ပထမဆုံးသောဘုရင် လန်ဝမ့်ကျီးရဲ့ကြီးမြတ်မှုတွေကြောင့်ဟုဆိုကြလေသည်။

အရှင်လန်ဝမ့်ကျီး

နန်းတက်နှစ်ကို ခုနှစ်သက္ကရာဇ်တိတိကျကျမဖော်ပြနိုင်တဲ့ အရှင်ဟာ ဒဏ္ဍာရီလာဖြစ်တည်မှုမျိုးပင်။
အထူးဆန်းဆုံးဖြစ်တည်မှုတစ်မျိုးကတော့ ယနေ့ခေတ်တွင်တောင် လက်ခံမှုနည်းနေသေးသည့် အမျိုးသားကြင်ယာတော်ရှိခဲ့ခြင်းပင်။
တော်ဝင်နန်းသွေး မင်းသားခုနှစ်ပါးလည်းထွန်းကားခဲ့ပြီး အာဏာလွှမ်းမှုအရှိဆုံးမင်းတစ်ပါးဖြစ်ခဲ့သည်။

ဒဏ္ဍာရီလာ နတ်တောင်

ဒဏ္ဍာရီလာနတ်တောင်သည် ရှန်တိုင်းပြည်ရဲ့တော်ဝင်နန်းတော်တည်ရှိရာ တောင်တော်ဖြစ်သည်။
မြင့်မားတဲ့ကျင့်ကြံမှုအရှိန်အဟုန်ရှိသောသူများနှင့် မှော်အတတ်ပညာကျွမ်းကျင်သူများသာ နန်းတော်ကြီးထဲသို့ ဝင်ရောက်ခွင့်ရှိကြတယ်။

အရှင်လန်ဝမ့်ကျီးဟာ အမြင့်မားဆုံးကျင့်ကြံဆင့် နတ်ဘုရားကဲ့သို့သော အထွဋ်မြတ်ဆုံးသူဖြစ်သည်။
ကြင်ယာတော် မိဖုရားအများစုကတော့ မှော်အတတ်ပညာရှင်များဖြစ်လေ့ရှိသည်။

ဒဏ္ဍာရီလာနတ်တောင်မှာ တောင်ထွတ်သုံးခုရှိတယ်...
ကျင်းဖုန်းတောင်တော်ဟာ ဘုရင်မိဖုရားတွေနဲ့ အမှုထမ်းများနေထိုင်ရာတောင်တော်ဖြစ်သည်။ဤတောင်တော်တွင်အလွှာသုံးခုရှိပြီး ဧက္ကရာဇ်နေထိုင်ရာအလွှာ မောင်းမတော်များနေထိုင်ရာအလွှာနဲ့ အမှုထမ်းများနေထိုင်ရာအလွှာတို့ဖြစ်သည်။...
ကျန်တောင်တော်နှစ်ခုမှာတော့ ကျင့်ကြံသူဌာနချုပ်နဲ့ မှော်ဆရာဌာနချုပ်တို့ဖြစ်ကြတယ်။

........................++++++++++++.......................

အရောင်အသွေးစုံလင်လှတဲ့ ငှက်အမျိုးပေါင်းများစွာကို မွေးမြူထားတဲ့ ဥယျာဥ်ကျယ်ကြီးတွင်။

Empress XiaoWhere stories live. Discover now