Empress Xiao

3.8K 371 16
                                    

ဒီလိုနဲ့ရှောင်းကျန့်ရဲ့ ကိုယ်ဝန်ကလရင့်လာလေပြီ။
ရှောင်းကျန့်နဲ့ ထုံပြည်ရဲ့ဆက်ဆံရေးကလည်း မကောင်းတော့ပေ။ အစ်မတော်ရှောင်းရီပြန်သွားပြီးကတည်း က ထုံပြည်ကရှန်ပြည်ကို အကူညီတွေတစ်ခုပြီးတစ်ခုတောင်းခံခဲ့တယ်။ တစ်ခါတစ်ရံမှာ ရှောင်းကျန့်ရဲ့အမည်နဲ့ရာထူးကိုအသုံးချပြီး တောင်းဆိုတတ်တယ်။ ဒီလိုနဲ့နန်းတွင်းအမတ်တွေက ကြင်ယာတော်ရှောင်းအပေါ်အမြင်မကြည်မှုတွေဖြစ်လာသည်။

ရှောင်းကျန့်က ပြည်သူတွေနဲ့ပတ်သက်တဲ့အကူညီတွေကလွဲလို့ ကျန်တဲ့ဟာတွေအကုန်လုံးကိုလျစ်လျူရှိခဲ့သည်။
အထူးသဖြင့် သူ့ကိုအသုံးချပြီး တောင်းဆိုတာမှန်သမျှကိုပင်။

"ကြင်ယာတော်ရှောင်း ကျန်းမာပါရဲ့လား"

"အင်း နေလို့အဆင်ပြေပါတယ်"

ရှောင်းကျန့် သူ့ရဲ့သိသိသာသာစူထွက်နေတဲ့ ဗိုက်လေးကို ခပ်ဖွဖွပွတ်သပ်လို့ လာနှုတ်ဆက်တဲ့ ကိုယ်လုပ်တော်တွေနဲ့စကားပြောနေလိုက်သည်။
ဒီနောက်ပိုင်းမှာ နန်းတွင်းကသူ့ရဲ့အာဏာကတည်မြဲလာလေပြီ။
အမတ်အချို့နဲ့ မောင်းမတော်အချို့က သူ့ဘက်တော်သားတွေဖြစ်လာခဲ့သည်။

"ကြင်ယာတော်ရှောင်း ကြားပြီးပြီလား ကြင်ယာတော်ရှန်းမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ"

"အင်း မနေ့က အရှင်ပြောတယ်"

ရှောင်းကျန့် မသိဘဲနေမလား ဒီကိစ္စက သူ့ကိုလောလောလတ်လတ်သွေးပျက်စေတဲ့ အကြောင်းရာပင်။ ဒါပေမယ့် လွန်ဆန်လို့မှမရဘဲ ဘုရင်တစ်ယောက်အနေနဲ့ အရှင်မှာမောင်းမတော်တွေထပ်ရှိလာအုံးမှာဖြစ်သလို သားသမီးတွေလည်း ရလာအုံးမှာပင်။ ဒါကလွန်ဆန်လို့မရတဲ့ အမှန်တရားပင်။
ဒါပေမယ့် သူရဲ့နေရာကထိခိုက်မှုရှိမှာမဟုတ်ပေ။
ရာထူး အဆင့်တန်း လုပ်ပိုင်ခွင့် အရှင်ရဲ့နှလုံးသား အဲ့ဒါတွေအားလုံးက သူ့အပိုင်တွေပင်။ ဘာမှမထိခိုက်ဘူး ။ အရှင့်ကိုအခြားသူတွေနဲ့ မျှသုံးရတယ်လို့သူမတွေးပေ။ အရှင့်အကြောင်းသူသာအသိဆုံးဖြစ်သည်။ အရှင်ကသူ့တာဝန်သူလုပ်ပြီးရင် ကျန်တာဘာကိုမှဂရုမစိုက်တော့ပေ။

Empress XiaoWhere stories live. Discover now