Empress Xiao

3.9K 349 13
                                    

ရှောင်းကျန့်ကိုယ်ဝန်ရှိနေတဲ့သတင်းက သာမညောင်ညထုံပြည်ကိုရောက်ရှိလာခဲ့တယ်။ တစ်ဖက်မှာ ရှောင်းကျန့်ရဲ့မယ်တော်နဲ့ခမည်းတော်က ထိုကိစ္စအတွက်ရှက်ရွံ့နေပေမယ့် ရှန်ဘုရင်ရဲ့ရင်သွေးကိုလွယ်ထားရတာ သူတို့အတွက်တော့ သတင်းကောင်းပင်။ သမီးတော်မဟုတ်ဘဲ သားတော်တစ်ပါးဆီက သတင်းဖြစ်ပေမယ့်လို့ပေါ့။

ထုံဘုရင်က ညီလာခံမှာ ထိုသတင်းကိုကြားပြီးနောက်ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတယ်။ ထုံပြည်ကသေးလွန်းပင် စည်ပင်ဝပြောတဲ့နိုင်ငံမျိုးမဟုတ်ချေ။ သူတို့တိုင်းပြည်မှာ တစ်နှစ်ပတ်လုံး ပြသနာတစ်ခုမဟုတ်တစ်ခုရှိနေတတ်ပြီး ရှောင်းကျန့်ရှိတုန်းကတော့ သူဟာဒီကိစ္စတွေတာဝန်ယူဖြေရှင်းနိုင်တဲ့ အရည်ချင်းရှိတဲ့မင်းသားတစ်ယောက်ပေ။
ရှောင်းကျန့် မရှိတော့ ထုံပြည်မှာထိုကိစ္စတွေကိုတာဝန်ယူဖြေရှင်းနိုင်လောက်တဲ့ အရည်ချင်းရှိသူတွေ သိပ်မပေါပေ။

ထုံဘုရင်ကအခုကိစ္စကိုအခွင့်ကောင်းယူပြီး ရှန်ပြည်ကိုသွားကာ ပြသနာတွေအတွက်အကူညီတောင်းချင်တယ်။ ဒါကြောင့် ထုံဘုရင်က ရှန်ပြည်ကိုသွားဖို့ သူ့ရဲ့အစ်မတော်နဲ့ခင်ပွန်းကိုစေလွှတ်လိုက်တယ်။

နွေဦးဟေမန်ဆောင်တွင်

ရှောင်းကျန့် ထုံပြည်ကပေးပို့လိုက်တဲ့ သဝဏ်လွှာကို ဖတ်ရင်းဒေါသတွေကို မျိုချနေရတယ်။ သူကကိုယ်ဝန်ဆောင်တစ်ယောက် ဒေါသထွက်လို့မဖြစ်ဘူး။ ကိုယ်မွေးထားတဲ့သားရဲ့ဖြစ်တည်မှုကိုရွံရှာနေကြလို့ သူတစ်ပါးဆီထိုးပေးလိုက်ပြီး အခုမှသူ့အပေါ်အမြတ်ထုတ်ချင်နေကြသည်။ အစ်မ သူ့အစ်မတော်ကသူ့အတွက်တော့ ဂြိုဟ်ဆိုးပင်။
ဒါတောင်သူက မိဖုရားအဆင့်ရာထူးတိုးလာတာတို့ အရှင်ရဲ့ဂရုစိုက်ခံဖြစ်နေတာတို့ကိုများ သိခဲ့ရင်ထိုထက်ဆိုးမည်ပင်။

ရှောင်းကျန့်ရဲ့ဒေါသကိုသတိထားမိတဲ့ ရိပေါ်က ကျောပြင်ကိုအသာပွတ်သပ်ရင်း ရင်ခွင်ထဲဆွဲသွင်းသည်။

"နာကြည်းနေတယ်မလား"

ရှောင်းကျန့် ခေါင်းညိမ့်ပြလိုက်မိသည်။

Empress XiaoWhere stories live. Discover now