Empress Xiao

4.3K 404 31
                                    

"အို့ ကြင်ယာတော်ရှောင်းပါလား ဒီဥယျာဥ်ကို ဘာကိစ္စနဲ့များလာရပါလိမ့်"

"ကိုယ့်ထက်ရာထူးကြီးတဲ့သူတွေကို အရိုသေပေးရမယ်ဆိုတာ နားမလည်ဘူးလား"

သူမရဲ့ခနဲ့တဲ့တဲ့ စကားကိုရှောင်းကျန့်ကလေသံမာမာနဲ့ တုံ့ပြန်လိုက်တော့ လန့်သွားပုံပင်။
အခြားမိဖုရားတွေဆို သူမကိုမြင်တာနဲ့ ဒေါသတွေထွက်လာပြီး စကားအချေတင်ဖြစ်ကြကာ နောက်ဆုံးတော့ သူမကကိုယ်ဝန်ကိုအကြောင်းပြပြီး အနိုင်ပိုင်းလေ့ရှိသည်။ အခုသူမရှေ့ကသူကိုတော့ အဲ့လိုလုပ်လို့ရမည့်ပုံမပေါ်ချေ။
အင်တင်တင်နဲ့ပဲ သူမကအရိုအသေပြုလာလေသည်။

"ဒါနဲ့ ကြင်ယာတော်ရှန်းကရော ဒီကိုဘာကိစ္စနဲ့လာတာလဲ ဒီဥယျာဥ်ကအရှင်နဲ့ မိဖုရားတွေကလွဲလို့ ဝင်ခွင့်မရှိဘူးလေ"

သူမက နှုတ်ခမ်းကို ခပ်တွန့်တွန့်ပြုံးကာ

"ကျွန်မက အရှင့်ရဲ့ရင်သွေးကိုလွယ်ထားတဲ့သူလေ"

"အရှင်ရဲ့ရင်သွေး? ဟက် ဟုတ်ပါပြီ အရှင်ကသူ့ရင်သွေးရဲ့မယ်တော်ကိုကြင်ယာတော်အဆင့်မှာ ဘယ်လောက်ထိနေခိုင်းမယ်လို့စဥ်းစားနေပါလိမ့် ကိုယ်တော့်တုန်းကတော့ နေ့တွင်းချင်းကိုပဲ ရာထူးတိုးခဲ့တာနော် မဟုတ်မှ အရှင်က ဒီကလေးကို သူ့ကလေးလို့ မမြင်တာတော့မဟုတ်ပါဘူးနော်"

"ကြင်ယာတော်ရှောင်း!!!"

"အော်ဟော် မင်းကဘာအခွင့်ရှိလို့ ကြင်ယာတော်ရှောင်းကိုအော်ရတာလဲ"

"အ အ အရှင် "

သူမကဒေါသကိုဖွင့်ထုတ်မိလိုက်တဲ့အချိန်မှာ အချိန်မှာ အရှင်ကရောက်လာလိမ့်မယ်လို့ ဘယ်သူထင်မလဲ။

"ကိုယ်တော်က ကိုယ်ဝန်ကြောင့် အရာရာကိုလျစ်လျူရှုပေးထားတယ်ဆိုတိုင်း မင်းကရောင့်တက်လာပါလား ဒီရက်ပိုင်းထဲ မင်းနဲ့ပတ်သက်တဲ့ တိုင်စာတွေဘယ်လောက်များလာလဲ သိရဲ့လား တဖြည်းဖြည်းနဲ့ရဲတင်းလာလိုက်တာများ ကိုယ်ဝန်လွယ်ထားရတဲ့ ကြင်ယာတော်အထိ မာန်တက်ပြရဲတယ်ပေါ့"

"တောင်း တောင်းပန်ပါတယ် အရှင် ကြင်ယာတော်​ရှောင်းရဲ့စကားကြောင့် စိတ်လွတ်သွားလို့ပါ"

Empress XiaoWhere stories live. Discover now