Empress Xiao

4.6K 401 5
                                    

နောက်ရက်တွေမှာနန်းတော်ဟာ လက်ထပ်ပွဲအတွက် အလုပ်ရှုပ်နေကြသည်။
အ​ခြွေရံတွေဟာ ဥဒဟိုသွားလာနေကြပြီး လူတိုင်းဟာမအားလပ်ပေ။

အထူးသဖြင့် အကြီးဆုံးမိဖုရားရဲ့အဆောင်တော်တွင်ဖြစ်သည်။
သူမကမိဖုရားခေါင်ကြီးမဟုတ်ပေမယ့် ပထမဆုံးမိဖုရားဖြစ်ပြီး အမတ်ချုပ်ကြီးရဲ့သမီးအကြီးဖြစ်သည်။
အရင်နေ့က သူမရဲ့ညီမ ဒုတိယမိဖုရားဆီကနေ ကိုယ်လုပ်တော်ရှောင်းရဲ့ အကာကွယ်ငါးပါးအပေါ်မနာလိုဖြစ်ခဲ့သည်။
ဝိဥာဥ်ငါးပါးကဘာတွေလဲ သေချာမသိပေမယ့် သေချာပေါက်သူမတုန်းကထက်တော့ကောင်းမှာပင်။
ပြီးတော့အရှင်က သူ့ကိုအရေးပေးပြီး သူမညီမကိုပင် နှင်လွှတ်ခဲ့သည်။
မနာလိုမှုတွေက တရိပ်ရိပ်တိုးရင်း သူမက မမြင်ဖူးသေးတဲ့ ကြင်ယာတော်ရှောင်းကိုမုန်းမိသည်။

"တောက် ဒီယောကျာ်းလေးကိုယ်လုပ်တော်ကများ ရာရာစစအရှင့်ကို မြူဆွယ်ရဲသေးတယ်"

"မိဖုရားကိုယ်စား ကျွန်တော်မျိုးမက သွားဆုံးမပေးရမလား"

အထိန်းတော်အန်းရဲ့စကားကို သူမကျေနပ်မိပေမယ့်

"မလိုဘူး အကြမ်းနည်းကအရှင်သိသွားဖို့ လွယ်ကူတယ် မနေ့ကယွင်ချန်းကို အရှင်ကရေခဲနန်းဆောင်ပို့မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာ ဒါကြောင့် တစ်ခုခုလွဲသွားရင် အန္တရာယ်များတယ်
ကျွန်မမှာ သပ်သပ်အစီစဥ်ရှိတယ်"

"ကောင်းပါပြီ မိဖုရား"

တစ်ဖက်မှာတော့ရှောင်းကျန့်က ဒီနှစ်ရက်လုံးအိပ်လိုက်စားလိုက်ဖြင့်သာကုန်ဆုံးနေရသည်။
လက်ထပ်သည့်နေ့တွင် ကြည့်ကောင်းနေစေရန် ယွီအာက အစဆုံးစီစဥ်ပေးနေပြီး ရှောင်းကျန့်ကို အပြည့်ဝအနားယူစေသည်။
ဒီရက်တွေမှာ မင်းကြီးက လာမတွေ့ပေမယ့် လက်ထပ်ပွဲအတွက် လက်ဆောင်တွေကိုတော့နေ့တိုင်းပို့ပေးနေသည်။

ဒီလိုနဲ့လက်ထပ်ပွဲနေ့ကိုရောက်ရှိလာတော့သည်။
နှစ်ရက်လုံး ပျားပန်းခတ်နေတဲ့ နန်းတော်က ဒီနေ့မှာတော့ နေရာအများစုမှာငြိမ်သက်နေတယ်။
အကုန်လုံးက လက်ထပ်ပွဲကျင်းပရာတောင်တော်မှာပင်။

Empress XiaoWhere stories live. Discover now