မနက်စောစော အဆောင်တော်တွင်းက ကျေးငှက်သံတွေကျီကျီကျာကျာ ကြားနေရသည်။
ရှောင်းကျန့်နိုးနိုးလာခြင်း ယွီအာ့ရဲ့အသံကိုကြားလိုက်ရသည်။..
"နိုးပါပြီလား ကိုယ်လုပ်တော်ရှောင်း"
"အင်းးး"
"မျက်နှာသစ်ဖို့ပြင်ဆင်ပြီးပါပြီ"
ရှောင်းကျန့်တစ်ခါတည်းဆေးကြောသန့်စင်လိုက်ပြီးတော့ အရှင့်ဆီသွားရန်ပြင်ဆင်လိုက်သည်။
ဆံနွယ်ပျော့ပျော့တွေကို သေသပ်စွာချည်နှောင်ထားပြီးတော့ ကျောက်စိမ်းဆံထိုးကိုပန်ဆင်လိုက်သည်။ ပြာလဲ့လဲ့ဝတ်စုံက မျက်စိအေးစေပြီး ကိုယ်လုပ်တော်ရှောင်းရဲ့မျက်နှာကြည်ကြည်လေးနဲ့ လိုက်ဖက်နေသည်။"အဆင်သင့်ဖြစ်ရင် သွားကြတော့မလား ကိုယ်လုပ်တော်ရှောင်း"
"ကောင်းပြီ"
ရှောင်းကျန့် ကျယ်ပြောလှတဲ့ နန်းတော်ကြီးကိုကြည့်ပြီး အံ့သြမင်သက်နေသည်။
အရှင့်ရဲ့ ဥယျာဥ်တော်ဆီသွားဖို့ရာ နွယ်ပန်းတွေကို အသုံးပြုရသည်။ အလွှာတစ်လွှာဆီကိုပို့ဆောင်ပေးနေတဲ့ နွယ်ပန်းတွေက တိမ်ယံတွေကြားပြေးလွှားနေကြသည်။အရှင်နေထိုင်တဲ့ အလွှာကိုရောက်တော့ ကြိုစောင့်နေတဲ့ အရှင့်ရဲ့သက်တော်စောင့် ပိုင်ယွီကိုတွေ့လိုက်ရသည်။
"ဒီဘက်လမ်းပါ"
သူရဲ့လမ်းပြမှုနောက်ကိုလိုက်ရင်း အလွန်တရာလှပလွန်းတဲ့ ဥယျာဥ်တော်ကြီးကိုတွေ့လိုက်ရသည်။အရောင်သွေးစုံလင်လွန်းလှတဲ့ အဖိုးတန်ဝိဥာဥ်ပန်းတွေကို ဥယျာဥ်ပြည့်စိုက်ပျိုးထားသည်။
ဥယျာဥ်ရဲ့အလယ်မှာရှေးဟောင်းဝိဥာဥ်ပန်းပင်လေးပင်ရှိနေပြီး ပန်းပင်တွေရဲ့ထိပ်ဖျားမှာ လှပတဲ့အဆောင်တော်တစ်ခုတည်ရှိနေသည်။
အဝေးကနေလှမ်းကြည့်ရင်တောင် ခန့်ညားထည်ဝါတဲ့အရှိန်ဝါကိုမြင်တွေ့နေရပြီး ဒါကသေချာပေါက်အရှင်ပဲဖြစ်သည်။အနားနီးလေ မြင်တွေ့ရတဲ့ အသွင်ပြင်ကထင်ရှားလာလေပင်။ ဆံနွယ်တွေကို ကျောပြင်ပေါ်ဖြန့်ချထားပြီး အနီရောင်တော်ဝင်နဂါးဆံထိုးဖြင့် အပေါ်တစ်ဝက်ကိုသိမ်းချည်ထားသည်။
အနီရောင်နဂါးဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး အနောက်ကကြည့်လျှင်တောင် အရှင်ကပြည့်စုံလွန်းလှသည်။