Empress Xiao

3.2K 323 17
                                    

မကြာမီမှာကျင်းပမယ့် သားတော်လေးရဲ့တစ်လပြည့်မွေးနေ့အတွက် နန်းတော်ထဲမှာအလုပ်ရှုပ်နေကြလေသည်။ ဆယ်ပြည်ထောင်ဆီကို ဖိတ်ကြားလွှာတွေပေးပို့ပြီးနောက် ထုံဘုရင်က သူ့ရဲ့သားတော်ကမွေးတဲ့မြေးတော်အတွက် လက်ဆောင်ပြင်ရန်အကြံအိုက်နေရသည်။ အနာဂတ်ရှန်ပြည်ရဲ့ပြည့်ရှင်ဖြစ်လာမယ့်သူက သူနဲ့သွေးသားတော်စပ်နေတော့ အတော်လေးကိုသွေးကြွနေလေသည်။

နောက်ဆုံးမှာတော့ မိဖုရားနဲ့တိုင်ပင်ပြီး ထုံပြည်ရဲ့ရတနာကိုလက်ဆောင်အဖြစ်ပေးရန်ရွေးချယ်လိုက်လေသည်။

"မြေးတော်ရဲ့ မွေးနေ့ပွဲကို ငါကိုယ်တော်နဲ့ မိဖုရားကြီးကိုယ်တိုင်သွားရောက်ချီးမြှင့်မယ်"

ထုံဘုရင်နဲ့ မိဘုရားကြီးရဲ့စိတ်ထဲတွင် ဒီအခွင့်ရေးကိုအသုံးချကာ အင်အားကြီးဆယ်ပြည်ထောင်ကကိုယ်စားလှယ်တွေနဲ့ရင်းနှီးအောင်လုပ်ပြီး ထုံပြည်အတွက်အကူညီတွေရယူမည်ဖြစ်သည်။ ဒါမှ နောင် သူတို့ရဲ့ကျေးဇူးမသိတတ်တဲ့ ရှက်စဖွယ်သားရဲ့အကူညီကိုယူစရာမလိုတော့ပေ။ တခြားအနေနဲ့လည်း သူတို့ ရှန်ပြည်ကိုကြောက်နေစရာမလိုပေ။ အကန်အနေနဲ့ ရှန်ပြည်ကိုပင် အာခံရဲတော့မည်ဖြစ်သည်။

စိတ်ကူးကိုလက်တွေ့အကောင်ထည်ဖော်ရန်မစောင့်နိုင်တော့သော ထုံဘုရင်လင်မယားသည် မွေးနေ့ပွဲမတိုင်ခင် ရှန်ပြည်ကိုရောက်ချလာလေသည်။

သို့သော်သူတို့လာတာ အနည်းငယ်နောက်ကျသွားလေသည်။ နန်းတော်ကိုလှုပ်ခတ်စေနိုင်တဲ့ ကိစ္စရပ်တွေက သိပ်မကြာမီရက်ပိုင်းအတွင်းမှာပဲဖြစ်သွားခဲ့လေသည်။

ကြင်ယာတော်ရှန်းဟာ မင်းသားလေးဝူရှောင်းကို အိမ်ရှေ့စံအဖြစ်ခန့်အပ်မယ့် သတင်းကို အတိုင်ပင်ခံအမတ်ကြီးဆီမှကြားခဲ့လေသည်။

သူမကထိုကိစ္စကိုလက်မခံနိုင်ဘဲ ဆေးအချို့ကိုသုံး၍ သူမရဲ့ကိုယ်ဝန်ကိုလမစေ့ခင်မွေးဖွားခဲ့လေသည်။

သူမရဲ့အတွေးထဲမှာတော့ အရှင်က ဒုတိယရင်သွေးကိုရတဲ့အတွက် ပထမမင်းသားရဲ့မွေးနေ့ပွဲကိုလအနည်းငယ်ဆိုင်းငံ့လိမ့်အုံးမည်ဟုထင်ခဲ့မိသည်။

Empress XiaoWhere stories live. Discover now