Empress Xiao

3.6K 337 7
                                    

ရိပေါ်အဆောင်တော်ကိုရောက်တော့ သားတော်ကနေ့လည်စာစားပြီးအိပ်ပင်ပျော်နေလေပြီ။
ရှောင်းကျန့်ကတော့ သူနဲ့အတူနေ့လည်စာစားဖို့စောင့်နေလေသည်။

"သားတော် အိပ်ပျော်နေပြီလား"

"အင်း စောဏကလေးတင်ပါ သူအရှင့်ကိုစောင့်နေသေးတယ်ထင်တယ် အိပ်ချင်တာတောင် မျက်လုံးလေးလှန်လှန်ကြည့်လို့ နောက်မှသူလုံးဝမတောင့်နိုင်တော့ဘဲ အိပ်ပျော်သွားတာ"

ရိပေါ်ကပုခက်ထဲကသားငယ်ကို အနမ်းဖွဖွပေးတော့ လူးလွန့်လာပြီး မျက်လုံးလေးမပွင့်တပွင့်နဲ့ ရိပေါ်ရဲ့ပါးကိုလာစမ်းသည်။ ရိပေါ်မှန်းသိသွားတာနဲ့

" အဲ့ အဲ့အဲ့ အဲ့"

"အွန်း အိပ်အိပ် ဟုတ်တယ် ခမည်းတော်လာတာ အိပ်အိပ် ဝူဝူလေးအိပ်တော့"

ရိပေါ်ကနဖူးလေးနမ်းပြီးသိပ်တော့မှ ပြန်ငြိမ်ကျသွားသည်။

"အာ ဝူဝူလေးလို့ခေါ်လိုက်တာလား"

"အင်း အကြီးအကဲဟွမ် မှည့်ပေးလိုက်တာ ဝမ်ဝူရှောင်းတဲ့"

"အိုး လှသားပဲ ဝူဝူလေးလို့ ခေါ်လို့လည်းကောင်းတယ်"

"အင်း မနက်ဖြန် သားတော်လေးကို အိမ်ရှေ့စံအပ်နှင်းဖို့အစည်းဝေးရှိတယ်"

ရှောင်းကျန့် ငါးနွှင်ပေးနေရင်း လက်ကရပ်သွားသည်။

"မမြန်လွန်ဘူးလား သားတော်ကတစ်လတောင်မပြည့်သေးဘူးလေ"

"မမြန်ပါဘူး ပြီးတော့ကိုယ်တော်က တစ်လပြည့်မွေးနေ့ပွဲမှ အပ်နှင်းပွဲရော ကင်ပွန်းတက်ပွဲရော ကျင်းပမှာ"

"အမတ်တွေက သဘောတူပါ့မလား"

"ကိုယ့်ပုံက အမတ်တွေသဘောမတူမှာကိုကြောက်နေတဲ့ ပုံများပေါက်နေလား "

"အဲ့လိုတော့မဟုတ်ပါဘူး ဒါမယ့် ကြင်ယာတော်ရှန်းက ဝင်မနှောင့်နိုင်ဘူးလား သူလည်းကိုယ်ဝန်ကြီးနဲ့ဆိုတော့"

"သူ့နေရာမှာ မိဖုရားတစ်ပါးသာဆိုရင်တော့ ဒီ အခြေနေမျိုးဖြစ်လာနိုင်တယ် ဒါပေမယ့် သူကကြင်ယာတော်လေ သူ့ထက်ရာထူးမြင့်တဲ့ကြင်ယာတော်ရဲ့သား ပထမဆုံးသားတော်ကို သူကဘယ်လိုအကြောင်းပြချက်နဲ့ယှဥ်နိုင်မှာလဲ အရေးကြီးဆုံးက အဲ့ကလေးက ကိုယ့်သွေးသားမဟုတ်ဘူးလေ"

Empress XiaoWhere stories live. Discover now