Empress Xiao

3.7K 373 10
                                    

အကြီးအကဲငါးယောက်ရဲ့ မွေးနေ့ပွဲတော်တွင်

အိမ်နီးချင်းဆယ်ပြည်ထောင်က အထူးဧည့်သည်တွေလာရောက်ကြပြီး လက်ဆောင်ပဏ္ဏာများ သဝဏ်လွှာများတောင်လိုပုံနေသည်။

ညနေခင်းမှာကျင်းပမယ့်ပွဲအတွက် နန်းတွင်းကလူတိုင်းအလုပ်များနေကြသည်။

ရှောင်းကျန့် တစ်ယောက်အရှင်ပို့ပေးထားတဲ့ဝတ်ရုံကိုကြည့်ရင်းအတွေးများနေသည်။
အရှင်က ဘာလို့ တကူးတက ဝတ်စုံကို ပို့လိုက်တာပါလိမ့်။

ရှောင်းကျန့် သိပ်တွေးမနေတော့ဘဲ ဒီနေ့အတွက်သောက်ရမယ့်ဆေးကိုသာ သောက်နေလိုက်တယ်။

"ကြင်ယာတော်ရှောင်း ကျွန်မ အထူးသတင်းတစ်ခုကိုကြားခဲ့ရပါတယ်"

"ဘာများလဲ "

"အရှင်က ဒီနေ့ပွဲမှာ မောင်နှံစင်မြင့်မှာ ထိုင်မယ်လို့ပြောနေကြတယ် အဲ့တာကြောင့် မိဖုရားတွေ စိတ်လှုပ်ရှားနေကြတယ်"

"မောင်နှံစင်မြင့် အဲ့ဒါကဘာလဲ"

"မောင်နှံစင်မြင့် ဆိုတာ ဘုရင်နဲ့မိဖုရားခေါင်ထိုင်ရတဲ့စင်မြင့်ပေါ့ မိဖုရားကြီးမရှိတဲ့ဘုရင်တွေဆို သူတို့နှစ်သက်တဲ့မိဖုရားကိုခေါ်ယူပြီးထိုင်လေ့ရှိပါတယ် အဲ့လိုထိုင်ရတဲ့မိဖုရားက သေချာပေါက်အခြားမိဖုရားတွေထက်ပိုအာဏာရလာတတ်တယ် ဒါကြောင့် မိဖုရားတွေက အဲ့နေရာမှာထိုင်ရဖို့ စိတ်လှုပ်ရှားနေကြတာပါ"

မသိတာကအကောင်း သိကာမှ ရှောင်းကျန့်ပါထိုအုပ်စုထဲပါကာ ရောယောင်စိတ်လှုပ်ရှားနေမိသည်။
သူ အဲ့နေရာမှာ ထိုင်ရပါ့မလား အရှင်ကသူကလွဲလို့အခြားမိဖုရားတွေကိုလည်း သိပ်အဖတ်လုပ်တာမဟုတ်တော့ ခန့်မှန်းလို့မရပေ။
ကြင်ယာတော် တစ်ယောက်ကိုများခေါ်ထိုင်ရင်ရော ဘုရင့်အချစ်တော်ဆိုတဲ့တစ်ယောက်ကိုသူကြားဖူးသည်။
မဖြစ်နိုင်တာ အရှင်ကချစ်မှတော့ သူမကမိဖုရားဖြစ်နေမှာပေါ့ အခုတော့ကြင်ယာတော်ပဲရှိသေးတယ်လေ။
ရှောင်းကျန့် တောင်တောင်အီအီ လျောက်တွေးနေရင်း သူ့အတွေးတွေကိုခါထုတ်လိုက်သည်။

ဒီလိုနဲ့ ညနေစောင်းသွားတော့ ရှောင်းကျန့်ပွဲတော်သို့သွားရန်ပြင်ဆင်ပြီးသွားပြီဖြစ်သည်။
အနီရောင် ဇာမဏီဝတ်ရုံကိုဝတ်ဆင်ထားပြီး ဆံပင်တွေကိုတစ်ဝက်ဖြန့်ချထားလိုက်ပြီး အနီရောင်ပတ္တမြားငါးလုံးစီခြယ်ထားတဲ့ ဆံထိုးနဲ့အပေါ်တစ်ပိုင်းကိုထုံးဖွဲ့ထားလိုက်သည်။
ဖြူဝင်းဝင်းအသားရည်ပေါ်မှာ အနီရောင်ဝတ်ရုံနဲ့တင့်တယ်နေမှုက ရှောင်းကျန့်ကိုအလှကြီးလှနေစေသည်။

Empress XiaoWhere stories live. Discover now