Empress Xiao

4.1K 376 6
                                    

ကြင်ယာတော်ရှန်းအကြောင်းပြောရရင် သူမက ရှန်ပြည်မှာ အလှဆုံးမိန်းမပျိုအဖြစ်ကျော်ကြားတဲ့ ရှင်းအယ်မြို့စားရဲ့သမီးဖြစ်သည်။

သူမကအရမ်းလှတာကြောင့် သူမအဖေဟာဘယ်မြို့စားသား သူရဲကောင်းတွေနဲ့မှ သဘောမတူဘဲ အရှင့်ကိုသာဆက်သခဲ့သည်။

လက်ထပ်ပြီးတစ်နှစ်ကျော်ကြာတဲ့အထိ ကြင်ယာတော်ရာထူးက တက်မလာခဲ့ပေမယ့် လွန်ခဲ့တဲ့လအနည်းငယ်က အရှင်က ကြင်ယာတော်ဆောင်ဆီ တစ်ပါတ်ကျော်ကြာ နေထိုင်ခဲ့သည့်အပေါ် ကောလဟာလများထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုမူ အရှင်ရဲ့အချစ်ကိုသိမ်းပိုက်နိုင်သည့်နောက်ထပ်ကြင်ယာတော်ပေါ်လာခြင်းဟာ သူမရဲ့နေရာကိုထိခိုက်စေသည်။
နဂိုတည်းကမှ မိဖုရားသုံးပါးက ကြုံရင်ကြုံသလို အနိုင်ကျင့်တတ်ကြသည်။
ယခုမူ နောက်ထပ်အရှင့်အချစ်တော်သာထပ်ရောက်လာရင် သူမက ချောင်ထိုးခံထားရတဲ့ ကိုယ်လုပ်တော်တွေနဲ့ခြားတော့မှာမဟုတ်ပေ။
မဖြစ်တော့ဘူး ဒီတစ်ခါ အရှင်သူမဆီလာရင် ကိုယ်ဝန်ရအောင် ကြိုးစားမှဖြစ်တော့မည်။

တစ်ဖက်အဆောင်တော်မှာတော့ မိဖုရားယွင်ချီက သူမကိုယ်တိုင်ဖော်စပ်ထားတဲ့ သန္ဓေတည်ခြင်းဆေးလုံးကိုဆုပ်ကိုင်ထားလျှက် ကြုံးဝါးနေသည်။

"နောက်ဆုံးတော့ သန္ဓေတည်ခြင်းဆေးလုံးကအောင်မြင်ခဲ့ပြီ အခုလိုတာက အရှင်ငါ့အဆောင်ကိုလာဖို့ပဲ"

"ကျွန်တော်မျိုးမမှာ အကြံရှိပါတယ် မိဖုရား"

"ကောင်းပြီ အန်းကုန်းကုန်းရဲ့အကြံကိုတင်ပြနိုင်တယ်"

သူမနားဆီတိုးတိုးတိတ်တိတ်လာပြောတဲ့စကားသံအဆုံး သူမမျက်နှာမှာ စဥ်းလဲတဲ့အပြုံးတစ်ခုတည်လာခဲ့သည်။

"ဒါဆိုရင် အဖေ့ဆီပဲ အပူကပ်ရတော့မှာပေါ့"

"အမတ်ချုပ်ကြီးက သဘောတူမှာပါ  မိဖုရား"

'နင်စောင့်ကြည့်နေ ရှောင်းကျန့် ငါကိုယ်ဝန်ရခဲ့ရင် နင်ဒီနန်းတော်မှာ နေစရာနေရာမရှိစေရဘူး'

သူမဒီအကြံစည်ကိုအကောင်ထည်ဖော်ဖို့ မစောင့်နိုင်တော့ဘူး။

Empress XiaoWhere stories live. Discover now