မိတ်ဆက်

85.5K 2.1K 42
                                    

Unicode

Intro

ရှောင်ဟန်;

ကျိုးယွင် မင်းက သိပ်ရက်စက်လွန်းတယ်...ရူးသွပ်လွန်းတယ်...
အစွဲလမ်းကြီးပြီး အစွန်းရောက်လွန်းတယ်...
မင်းအခုလို ငါ့အပေါ်ပြုမူဆက်ဆံနေတာတွေက  ငါ့ကို သိပ်ချစ်လွန်းလို့ လုပ်နေတာတွေလို့တော့
ငါမမြင်မိဘူး...
မင်းက အတ္တကြီးလွန်းနေတာ...
မင်းက မင်းအတ္တတွေကို မင်းစိတ်ကြိုက် ရှေ့တန်းတင်နေတာ...
ငါ့ကိုလည်း အရုပ်တစ်ရုပ်လိုပဲ... မင်းသတ်မှတ်ထားတာ...
ကျိုးယွင် မင်းအတွက် ငါက အရုပ်တစ်ရုပ်အပြင်မပိုလောက်ဘူး...

ဒါပေမဲ့လေ...
မင်းဒီအရုပ်ကို...ဘယ်အချိန်မှာ မင်း စွန့်ပစ်မလဲကိုတော့ ငါသိချင်မိတယ်...
ငါလေ မင်းစွန့်ပစ်မယ့် အချိန်ကို အမြဲတမ်းစောင့်ဆိုင်းနေခဲ့တာ...

တကယ်လို့...မင်းမှာ ငါ့အပေါ် သနားတဲ့စိတ်လေး
နည်းနည်းလောက်ရှိနေသေးတယ်ဆိုရင်...
ငါ့ကို လက်လွှတ်ပေးလိုက်ပါတော့...
ကျေးဇူးပြုပြီး...

ဒါ...ငါတောင်းဆိုနေတာပါ။


-----------------

ကျိုးယွင်;

ရှောင်ဟန်...ခင်ဗျားကျွန်တော့်ကို လှည့်စားရက်ခဲ့တယ်...
ကျွန်တော့်ကို လှည့်စားပြီး...ကျွန်တော်ရဲ့ ဝေးရာကို ပြေးထွက်ဖို့ ခင်ဗျားကြံရွယ်ရဲခဲ့တယ်...

ခင်ဗျားထွက်ပြေးသွားတာကို သိသိလိုက်ရချင်း
ကျွန်တော် တွေးလိုက်မိတာ...ဘာလဲ ခင်ဗျားသိလား...

အဲ့ဒါက ခင်ဗျားကို ကျွန်တော်ရှာလို့မတွေ့အောင် လွတ်အောင် ရှောင်တိမ်းထားဆိုတာပဲ...

ခင်ဗျားကိုလေ လွတ်အောင်ပြေးထားဆိုပြီး... စိတ်ထဲမှာ လည်း...အကျယ်ကြီးအော်ရယ်ပြီး...ပြောဆိုနေခဲ့မိတာ...

အခု...ဒီလို...လှည့်စားတတ်ပြီး...စိတ်ပျက်စရာကောင်းလွန်းတဲ့ ခင်ဗျားကို... ကျွန်တော် ဘာလုပ်သင့်လဲ...
ဘယ်လိုနည်းလမ်းမျိုးကို သုံးပြီး...အပြစ်ပေးသင့်လဲ...

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now