အပိုင်း ၃၇

8.2K 635 71
                                    

Unicode

ကျိုးယွင်၏ လေးနှစ်တာ...ကုန်ဆုံးမှု့

ကျိုးယွင်သည်က USမှာနေခဲ့သည့် တစ်လျောက်လုံးတွင် ဉီးလေးဖြစ်သူရဲ့ လုပ်ငန်းအသီးသီးအတွက် အသေးစိတ် ကြပ်မတ် သင်ကြားပေးမှု အောက်တွင်သာ သဝေမသိမ်း လိုက်နာကာ လုပ်ဆောင်ခဲ့လေသည်။ သူက ထျန်းဉီးလေး၏ တရားမဝင် လုပ်ငန်းကြီးများအားလုံးကို နောင်တစ်ချိန်တွင် တစ်ယောက်ထဲ ကြပ်မတ်ပြီး ချုပ်ကိုင််နိုင်ရလေအောင် နားချိန်လုံးဝမယူဘဲ လုပ်ငန်းတစ်ခုစီကို ကျွမ်းကျင်တတ်မြောက်ရန်အတွက် အသာတင် ကြာချိန်ကို ၃လဟု သတ်မှတ်ပြီး နေ့ညမနားလုပ်ဆောင်ခဲ့လေသည်။

၃နှစ်တာ ကုန်ဆုံးမှု့ အပြီးတွင် ကျိုးယွင်သည် တရားမဝင် လုပ်ငန်းကြီးများအားလုံးကို လွှမ်းမိုးချုပ်ကိုင် ချယ်လှယ်နိုင်သည့် ခေါင်းဆောင်တစ်ယောက်၏ တတ်မြှောက်ရမည့် အရည်အချင်းများကိုပင် ကျော်လွန်တတ်မြှောက်၍ လုပ်ဆောင်ကွက်ကဲလာနိုင်ခဲ့သည်။

ကျိုးထျန်းသည်လည်း ကျိုးယွင်၏ လုပ်ငန်းအပေါ်တွင် လည်ဝယ် ဉာဏ်များမှု့ ၊ဖြတ်ထိုးဉာဏ်ကောင်းမှု့ နဲ့အကွက်ကျော်မြင်တတ်မှု့တွေကြောင့် နေ့စဉ်မပြတ် ချီးကျူးစကားများကို မနားတမ်းဆိုခဲ့ရလေသည်။
ကျိုးယွင်၏လုပ်ဆောင်ချက်များကြောင့် ကျိုးထျန်း စိတ်ပျက်ညည်းညူခဲ့ရသည့် ​နေ့ ဟူ၍ လုံးဝရှိမနေခဲ့ပါချေ။

ကျိုးယွင်သည် တရားမဝင် လက်နက် ရောင်းဝယ်
ဖောက်ကားရေးများတွင်လည်း အခြားဝါရင့်လုပ်ငန်းရှင်များထက်ပင် အမြဲ ခြေတစ်လှမ်းသာအောင် ချယ်လှယ်လုပ်ဆောင်နိုင်ခဲ့လေသည်။

ကျိုးယွင် လူလည်ကျကာ မလိမ့်တစ်ပတ်ရိုက်ဝင်ရှုပ်
လိုက်လို့ အရှုံးနဲ့ ဇာတ်သိမ်းသွားရသည့် တရားမဝင် ပြိုင်ဘက်လုပ်ငန်းများသည်လည်း ဒုနဲ့ဒေးပင် ။ တရားမဝင် စိန် ၊ကျောက် ရောင်းဝယ်ရေး၊ တရားမဝင် ကား တင်ပို့မှု့၊ မူးယစ်စေတတ်သည့် ဆေးဝါးမျိုးစုံအပြင် တရားမဝင် နှစ်ချို့ ဝိုင် နှင့် ယမကာ တင်ပို့ မှုများအထိပင် ကျိုးယွင်က နယ်ဆန့်ကာ ချယ်လှယ်ချုပ်ကိုင်လာနိုင်ခဲ့သည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now