အပိုင်း၁၄

10.3K 912 58
                                    

Unicode

ရှောင်ဟန်က အိပ်နေတဲ့ ကျိုးယွင်ကို တစ်ချက်ကြည့်လိုက်ပြီး နှိုုးရန်ကောင်းမလားလို့ စဉ်းစားနေမိသည်။
မနှိုုးပဲနဲ့ ချီပြီး ကုတင်ပေါ်သိပ်လိုက်ရင်​...အားယွင်လေးက သူ့ကိုစိတ်မဆိုးလောက်ပါဘူးနော်။ဒါပေမဲ့ အားယွင်လေးက ကလေးလို့သာပြောတာ သူက ချီနိုင်ပါ့မလား။ဒီကလေးက သူဒီကိုရောက်တာ သိပ်မကြာသေးတဲ့ အချိန်အတောတွင်းမှာတင် အရပ်ကရှည် ထွက်လာနေပြီဖြစ်သည်။တော်သေးတာပေါ့... သူ(ရှောင်ဟန်)ကလည်း ဆက်လက်ပြီးဖွံ့ဖြိုးဆဲဆိုတော့ အရပ်က သူရှည် ကိုယ်ရှည်နဲ့မို့ ဒီကလေးက သူ့ကို မမှီနိုင်တာဖြစ်သည်။အခုမှပဲ မမြင်ဖူးတဲ့ မွေးမိခင်ကြီးကို ကျေးဇူးတင်နေမိသည်။ဟုတ်တယ်လေ... အခုဆို သူ့ရဲ့အရပ်က ၅ပေ၆ လောက်ရှိနေပီ ဖြစ်တာကြောင့် လူကြားထဲဆို မျက်နှာမငယ်ရပေ။ကျိုးယွင်လေးက သူ့အရွယ်တူ ကလေးများထက်တော့ အရပ်ရှည်လောက်သည်။ ထိုကလေးက သူစရောက်တုန်းက ၄ ပေ ၇လက်မလောက်ရှိပေမဲ့ ၄လက်မ လောက် ရှည်လာသည် ဟုသူမြင်မိသည်။ဆိုတော့ ဒီကောင်လေးရဲ့ လက်ရှိအရပ်က ၅ပေ ၁ လောက်ပေါ့။ ဘာပဲပြောပြော ဒီကလေး နဲ့ သူနဲ့ ၅လက်မကြီးတောင်ကွာသေးသည်။ ဒီကလေး သူ့ကို တော်တော်နဲ့ မှီအောင်လိုက်ရပေအုံးမည်။

(မြန်မာနေရှင်နယ်အရပ် မဟုတ်တော့ နားလည်ပေးကြပါ)

ရှောင်ဟန်က ကျိုးယွင်ကို ပွေ့ချီမယ်လို့ ဆုံးဖြတ်လိုက်ကာ ထိုကလေးကို ပွေ့ချီကြည့်ဖို့လုပ်တော့ အားယွင်ရဲ့ မျက်လုံးများက ဖွင့်လာပြီး သူ့ကို အဓိပ္ပါယ် နားလည်ရခက်တဲ့ မျက်ဝန်းများဖြင့်ကြည့်လာတော့သည်။

ကျိုးယွင်ရဲ့အသံမှာ မလိုလားသည့် အသံ အနည်းငယ်မျှရောယှက်ပြီး စိတ်လှုပ်ရှားနေသည့်ဟန်ပါပေ။

"ရှောင်ဟန်ကော...ဘာလုပ်ဖို့လဲ..."

ရှောင်ဟန်က  အရှက်ပြေ ချောင်းဟန့်လိုက်ကာ လည်ပင်းကိုရှင်းလိုက်ပြီး သူ့လည်ပင်းသူ လက်လေးနဲ့ ပွတ်သတ်မိရင်း အ​ဖြေပေးမိသည်။

"အဟမ့်...ဟိုလေ...ကောက မင်းအိပ်နေပြီ ထင်လို့...ချီပြီး...ကုတင်ပေါ် သိပ်ပေးဖို့ပါ...အခုလို အားယွင်လေးနှိုးသွားမယ်လို့် ထင်မထားဘူး...ကော တောင်းပန်ပါတယ်... "

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now