အပိုင်း ၄၀

11K 726 85
                                    

  Unicode

    FOCUS စီးကရက်ကို  တစ်လိပ် ကုန်ဆုံးသည်အထိ ကျိုးယွင် သောက်ပြီးသွားသည့် အခါတွင်တော့ ရုံးခန်း အပြင်ဘက်မှနေ၍ တံခါးခေါက်သံသည်းသည်းက ထွက်ပေါ်လာခဲ့သည်။

ကျိုးယွင်သည်က ထပ်မံသောက်ဖို့ ကြံရွယ်နေတဲ့ စီးကရက်ကို မီးမညှိ့တော့ဘဲ ဖန်သားစားပွဲနဲ့သာ တတောက်တောက်ခေါက်ကာ အခန်းပြင်ပရှိလူကို ဝင်ခွင့်ပြုလာသည်။

"ဝင်ခဲ့.."

ကျိုးယွင်က ရုံးခန်းထဲကို ဝင်ရောက်လာခဲ့တဲ့ လူရဲ့ အနောက်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး ထိုလူ့ကိုပြန်ကြည့်ကာ အလိုမကျစွာ စကားဆိုလာသည်။

"သူရော..."

ထိုဝန်ထမ်းက ခေါင်းငုံ့ အရိုသေပေးကာ စကားဆိုလာခဲ့သည်။

"ရောက်နေပါပြီ..."

ရုံးအစောင့်ဝန်ထမ်းရဲ့ အဖြေစကားကြောင့် ကျိုးယွင်ရဲ့ အေးစက်လှသည့်လေသံက အခန်းအတွင်းတွင် အတိုင်းသား ထွက်ပေါ်လာတော့သည်။
    
"ဒါဆို ဘာလို့ တစ်ခါတည်း ခေါ်မလာခဲ့တာလဲ..."

အစောင့်ဝန်ထမ်းက ကျိုးယွင်ရဲ့ စကားကြောင့် အရဲစွင့်ကာ စကားပြန်ဆိုလာခဲ့သည်။

"ကျွန်တော်ခေါ်..ခေါ်ပါတယ်...ဒါပေမဲ့ သခင်လေးက
သူဌေးကို ကားပါကင်ကနေပဲ ရပ်စောင့်နေမယ်လို့ ပြန်ပြောခိုင်းပါတယ်...ကျွန်တော်က အပေါ်ထိ လိုက်လာခဲ့ဖို့ သူဌေးက မှာထားတယ်လို့ ပြောပေမယ့်...သခင်လေးက ဘာစကားမှ နောက်ထပ်
ထပ်ပြီးဆိုမလာတော့ပါဘူး...သခင်လေး စကားထပ်ပြန်ပြီး ပြောလာတဲ့ အချိန်ထိ အချိန်အကြာကြီး ကျွန်တော် စောင့်နေပါသေးတယ်...ဒါပေမဲ့...
အဲ့စကားတစ်ခွန်းကလွဲပြီး ကျန်တာကို ထပ်ပြီးဟမလာတော့တာနဲ့ ကျွန်တော်လည်း...သူဌေးဆီ ..."

ကျိုးယွင်က  ထပ်ပြီးမပြောတော့ဖို့ လက်ဟန့်တားကာ စကားဆိုလာခဲ့သည်။

"ရပြီ...ငါ သိပြီ...သွားတော့..."

"ဟုတ်ကဲ့...သူဌေး..."

အစောင့်ဝန်ထမ်းက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတိုးဖွဖွတစ်ချက်ကို ချကာ ရုံးခန်းအတွင်းမှ အမြန်ပင် ထွက်သွားလေတော့သည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now