အပိုင်း ၃၈

11.1K 731 105
                                        

  Unicode
     
  အိမ်တော်၏ ဧည့်ခန်းအတွင်းတွင် အိမ်တော်သား
များသာမက အိမ်အလုပ်သမားများပင်မကျန်
အားလုံးက ကျိုးယွင်ရဲ့ အသွင်အပြင်အလုံးစုံကို စိတ်ဝင်တစားဖြင့် မသိမသာ လေ့လာအကဲခတ်လျက်။

ကျိုးယွင်သည်ကား ဖခင်ဖြစ်သူ သိချင်၍
မေးလာသည့် မေးခွန်းများကိုသာ ပြန်လည်ဖြေကြားလျက်ရှိပြီး အခြားပြင်ပအာရုံများကိုတော့ မသိသလို လျစ်လျူရှုထားလေသည်။

ဖခင်ဖြစ်သူ မေးလာခဲ့သည့် မေးခွန်းများသည်က သူ့အတွက် ဘေးကြပ်နံရိုက် ဖြစ်မနေပေ။
ဘာလို့ဆို သူ၏ ဖခင်ဖြစ်သူသည် အဓိကနှင့် သာမညကို ခွဲခြားတတ်သည့် သူမျိုးဖြစ်သည်။
ဖခင်ဖြစ်သူက သူသိချင်သည့် အဓိက အကြောင်းအရာတွေကို နှစ်ဉီးတည်း စကားပြောသည့် အချိန်များတွင်သာ မေးမြန်းတတ်ပြီး သာမညအကြောင်းအရာများကိုတော့ လူအများအရှေ့တွင် မေးမြန်းတတ်သည့်သူ ဖြစ်သည်။
ယခုတွင် ဖခင်မေးမြန်းနေသည့် အကြောင်းအရာများသည်က သူ့ဖခင် (အဖိုး)၏ သာကြောင်းမာကြောင်း ကိစ္စများပင်ဖြစ်သည်။

ကျိုးယွဲ့မူသည် ကျိုးဟန်မေးနေပါသည့် မွေးခွန်း
အကြောင်းအရာတွေက သူမအတွက်
အရေမရအဖတ်မရ မေးခွန်းတွေသာဖြစ်နေပြီး သူမ အဓိက သိချင်သည့် မေးခွန်းတွေကို သူမ ရှိနေတုန်း အစ်အောက်ပြီး မမေးမြန်းသည့်အတွက်ကြောင့် မအီမလည်ဖြစ်နေရကာ ဒေါသကို အတင်းမျိုသိပ်ထားလျက်ရှိသည်။

ကျိုးရန်သည်လည်း သူ့မိခင်အတိုင်းပင် ဖခင်ဖြစ်သူ၏ မေးခွန်းတွေအပေါ် စိတ်မကျေမနပ်ဖြစ်လျက်။

ရှောင်ဟန်သည်ကတော့ ယခုအခြေအနေအချိန်အခါ
က သူနဲ့ လုံးဝ သက်ဆိုင်မနေသည့် အတွက်ကြောင့်
သူက ဒီဧည့်ခန်းကြီးကနေ ဘယ်လိုထွက်သွားရမလည်းဆိုတာကို စိတ်လောနေလျက်ရှိသည်။

သူက ဒီကလူတွေအားလုံးအတွက် ရိုင်းရာ မကျအောင် ဘယ်လို ခွင့်တောင်းပြီး ဒီကနေအရင်ထွက်သွားရမလည်းဆိုတာကို အကြပ်ရိုက်၍နေလေသည်။

ကျိုးသခင်ကြီးသည် ရှောင်ဟန်ရဲ့ မကြည်မသာဖြစ်နေတဲ့ မျက်နှာအခြေအနေနဲ့ နေရခက်မှု့ကို သတိထားမိနေတာကြာပြီဖြစ်သည်။ထို့အတွက်ကြောင့် ရှောင်ဟန်ဒီနေထွက်သွားချင်နေတယ်ဆိုတာကို သူက ရိပ်စားမိလေသည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now