အပိုင်း၈

11.6K 1.3K 50
                                    

Unicode

ကျိုးအိမ်တော်၏ စည်းကမ်းချက်များတွင် ည ၁၀ နာရီခန့်အချိန်သည် အားလုံးအတွက် အနားယူအိပ်စက်ရမည့် အချိန်ဟု အသာတင် သတ်မှတ်ထားလေသည်။
ကျန်ရှိသည့်မိမိ၏ လုပ်ဆောင်ရပ်များကိုတော့ အနားယူအိပ်စက်နေသူများအတွက် အနှောင့်အယှက် မရှိစေရန် တိုးတိတ်စွာ သွားလာ လုပ်ဆောင်ခွင့် အပြည့်ပေးထားသည်။

ရှောင်ဟန်တစ်ယောက် အိပ်ပျော်ရန် ၊အိပ်နိုင်ရန် ကြိုးစားသော်လည်း ထိုကြိုးပမ်းချက်သည်က အရာမဝင်ပါပေ။
ဟိုဘက်လိမ့် သည်ဘက်လိမ့်ဖြင့်သာ အချိန်ကုန်နေသည်မှာ ည ၁၂နာရီပင် ထိုးချေတော့မည်။

နေရာက စိမ်းသက်နေတာကြောင့်ရယ်၊အိပ်ရာအပြောင်းအလဲကြောင့်ရယ် သူဘယ်လိုမှအိပ်၍မရနိုက်ဖြစ်နေရသည်။
ထူးထူးဆန်းဆန်း သူ့လိုအအိပ်မက်ပြီး ခေါင်းအုံးနဲ့ ထိမိသည်နဲ့ အိပ်ပျော်တဲ့သူက..ယခုတွင်မူ မျက်လုံးများက ကြောင်နေလေသည်။

ပိုပြီး အဆင်မပြေဖြစ်နေတာက ဒီမွေ့ရာ။ကောင်းပါပေ့ ဆိုတဲ့ဒီမွေ့ရာကြီးက သူနဲ့လုံးဝကို အဆင်မပြေ အသားမကျပေ။ သူ ကုတင်ပေါ်ကပဲ...ဆင်းအိပ်လိုက်ရမလားဟုကြံရွယ်မိသည်။

ကျစ်.!...မဖြစ်သေးပါဘူး...ဒီရာသီဉတုအခြေအနေနဲ့သာ ကြမ်းပြင်ပေါ်ဆင်းအိပ်ရင် မနက်ရောက်ရင်...သူ.. အလောင်းဖြစ်ရင်ဖြစ် ၊ဒါမှမဟုတ် လေမဖြတ်ရင်တောင် ကံကောင်း...ဒါတောင် အခန်းအပူချိန်ကို သူ့အတွက် ညှိ့ပေးထားကြသေးတာ...

ရှောင်ဟန်သည် အိပ်မရသည့်နောက်ဆုံးမှာ ထသာထိုင်လိုက်တော့သည်။ အခုလောလောဆယ်တော့ သူဒီနေရာကြီးနဲ့ အသားမကျနိုင်ဖြစ်နေတယ်။ အိပ်မရတဲ့နောက်ဆုံး သူ ဒီအတိုင်း ဘာမှမလုပ်ပဲ ငူငူငိုင်ငိုင်နဲ့
အင်တင်တင်ဖြင့်သာ စိတ်အလိုမကျစွာ နာရီဝက်လောက် ထိုင်နေမိသည်။

ထိုနောက်တွင် ရှောင်ဟန် အတွေးတစ်ခုဝင်လာသည်။ ရှင်းအာလို့ ခေါ်တဲ့ရှင်းကျဲကျဲ ပြောပြချက်များအရ ဒီမှာ ညရေးညတာတွေ...
မိမိစိတ်ကြိုက်တော့ တိုးတိတ်စွာ သွားလာခွင့်ပေးထားသည်ပဲ..။
ဒါကြောင့်... ရှောင်ဟန်လည်း
ဒီအခန်းထဲမှာပဲနေပြီး အိပ်မပျော်မယ့်အတူတူ ခြံဝန််းထဲမှာ လမ်းလျောက်ထွက်ရင်ကောင်းမလားဟု ရှောင်ဟန်စဉ်းစားလိုက်မိသည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now