အပိုင်း၃

16.3K 1.2K 82
                                    

Unicode:

ရှန်ဟိုင်းမြို့၏ လူကုန်ထံ အသိုင်းအဝိုင်းကသာ ကုသနိုင်သည့် ရှန်ဟိုင်းAdvanced private ဆေးရုံကြီးထဲတွင် ဆရာဝန်ကြီးများ ၊ပါရဂူ များ နှင့် နပ်စ် များပါမကျန် အကုန်လုံးက ယောက်ယက်ခတ်ကာ
ဗျာများလျက်ရှိသည်။အကြောင်းအရင်းကတော့ ကျိုးအိမ်တော်ရဲ့ သခင်လေး၏ အရေးပေါ် အခြေအနေကြောင့်ပဲဖြစ်သည်။

သူတို့တွေ ယောက်ယက်ခပ်နေရခြင်းရဲ့ တကယ့်
အဓိက အကြောင်းအရာကတော့ ဒါက ကျိုးအိမ်တော်က လူတွေဖြစ်နေတာကြောင့်ဖြစ်တယ်။

ကျိုးအိမ်တော်က ဤဆေးရုံတွင် ရှယ်ယာအများဆုံးဝင်ထားသည့် အိမ်တော်ပဲ မဟုတ်လား။ သူတို့အားလုံး တည်ငြိမ်နေတာကမှ ထူးဆန်းနေပေလိမ့်မည်။

ယခုလက်ရှိတွင်မူ ကျိုးအိမ်တော်၏ သခင်ငယ်လေးသည်ကား စိုးရိမ်စရာ အခြေအနေကို ရောက်ရှိလို့နေသည်။
ရေပန်းအောက်တွင် ခန့်မှန်းခြေ ၇နာရီ ၊၈နာရီလောက် မေ့မျောထားတာဖြစ်သည့်အတွက်ကြောင့်
ယခုချိန်အထိပင် သတိကိုပြန်မလည်လာသေးပေ။အောက်စီဂျင်ကိုလည်း တပ်ပေးထားရသည်။ ဒါတောင် ကျိုးသခင်ငယ်လေးရဲ့ အသားအရည်က အခုမှပင်သွေးရောင်ပြန်သမ်းလာခဲ့တာဖြစ်သည်။
အရေးပေါ်ရောက်လာခဲ့တုန်းကဆို လူသေကောင်လေးတစ်ယောက်လိုပဲ။ သူတို့တွေအားလုံး လက်လျော့ကြရတော့မယ်လိုတောင်ထင်ထားခဲ့တာ။

အချိန်မှီသွားလို့သာတော်သေး၏။ကလေးက ငယ်သေးသော်လည်း ကိုယ်ခံအားကောင်းမွန်ပုံရသည်။ ပုံမှန်ကလေးများလိုသာဆိုလျှင် အသက်ပင်ဆုံးရှုံးလိုက်ရနိုင်သည်။
ဒါတောင် နှလုံးကိုရှော့ရိုက်ပြီး အသက်ကယ်ဆယ်ပေးထားရတာဖြစ်သည်။သက်ဆိုင်ရာ ဆရာဝန်ကြီးများကလည်း ယခုမှသာ သက်ပြင်းချနိုင်ကြတော့သည်။သူတို့တွေလည်း ခါတိုင်းရက်တွေထက်အတော်လေးပင်ပန်းခဲ့ကြရတယ်။တေးရုံမှာရှိတဲ့ သက်ဆိုင်ရာဆကာဝန်တွေအကုန်လုံး ယခုမှသာ အသက်ရှုပြန်ချောင်လာကြတယ်။မဟုတ်ရင် သူတို့တွေလည်း အသက်အောင့်ထားရလို့သေမှာ။ ကျိုးအိမ်တော်ရဲ့ အရှိန်အဝါက နည်းတာမှမဟုတ်ပဲ...

ကျိုးသခင်ကြီး၏ မျက်နှာသည်ကား အခုထိကို မကောင်းသေး။ ပျက်ယွင်းဆဲဖစ်သည်။ သူ့မှာ ရှေ့နေ့အကြောင့်အရာတွေကိုတောင် မတွေးရဲသလို သားတစ်ခုခု ဖြစ်သွားမှာကြောက်လို့ မျက်မှောင်တွေ အတင်းကျုံးထားမိသည်။ ဒီလို ကောင်းပါ့ဆိုတဲ့ဆေးရုံကရော သူ့သားအတွက် အဆင်းပြေပါ့မလား။
ဒီထက်ကောင်မွန်တဲ့ဆေးရုံတွေရော...ဘယ်မှာရှိသေးလဲ။ ဒါက အကောင်းဆုံးပဲလား။
ကျိုးသခင်ကြီးလည်း အခုမှ သူရှယ်ယာဝင်ထားတဲ့ နာမည်ရဆေးရုံကြီးကို အလိုမကျဖြစ်နေမိတော့သည်။ ဘာက မှားလို့မှားနေမှန်းတောင်မသိတော့ဘူး။
သူက ပူပန်ဟန်ဖြင့် ခေါက်တုန့်ခေါက်ပြန်လမ်းလျောက်နေလေသည်။
နောက်ပြီးယခုကဲ့သို့ သူ၏သားငယ်က အဘယ်ကြောင့် လုပ်လိုက်ရသလဲကိုလည်း ဇောချွေးပြန်သည်အထိ တစ်ချိန်လုံးတောက်လျောက် ထပ်မံစဉ်းစား​နေမိပြန်သည်။ သို့သော်လည်း အချိန်အတော်ကြာသွားသည်အထိ
အဖြေကို သူ ရှာမတွေ့သေး။
သူက သားကို ပြီးပြည့်စုံအောင် လိုလေသေးမရှိထားပေးခဲ့တာမဟုတ်လား။ သားမှာ ဘာမှ ပူပန်နေစရာတောင်မလိုလောက်ဘူး။ ဒါကြောင့်လည်း သူအခုလိုစဉ်းစားရကြပ်နေခြင်းဖြစ်သည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now