Second intro

10.3K 523 76
                                        

Unicode

လန်ဟွားယွမ် pov...;

လန်ဟွားယွမ်က သူအယုံကြည်ရဆုံး လူတစ်ချို့ရဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရတယ်။ အဲ့ဒီလူတွေရဲ့ စနစ် (လက်ချက်)ကြောင့် သူချစ်ရသူနဲ့ သူသေကွဲ ကွဲခဲ့ရတယ်။သူ့ရဲ့ရှေ့မှောက်မှာ ချစ်ရသူက ဝေဒနါတွေ အလုံးအရင်းနဲ့ နောက်ဆုံးထွက်သက်ကို ရောက်ရှိနေတာကိုတောင် သူကဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။
ချစ်ရသူရဲ့ နောက်ဆုံးနေဝင်ချိန်ကို သူရင်နာနာနဲ့ ဒီအတိုင်းကြည့်နေဖို့ပဲ တတ်နိုင်ခဲ့တယ်။

နောက်ဆုံးမှာတော့ ဟွားယွမ်ကိုယ်တိုင်လည်း ချစ်ရသူနဲ့ အတူ သေပွဲဝင်ဖို့ စိတ်ပိုင်းဖြတ်လိုက်လေသည်။

သူတို့ ချစ်သူနှစ်ဉီး မီးလောင်နေတဲ့ စံအိမ်ကြီးထဲမှာပဲ အတူ သေဆုံးခဲ့ကြသည်။

အဲ့ဒီ့အချိန်က ဟွားယွမ် မစဉ်းစားမိလိုက်ဘူး။
ချစ်ရသူနဲ့ အတူသေပွဲ ဝင်ဖို့ ဆိုတာထက် ဒီလို ဖြစ်အောင် လုပ်သွားတဲ့လူတွေကို လက်စားပြန်ချေရမယ်ဆိုတာကို...
ဒါက သေဆုံးပြီးနောက်ပိုင်း ရရှိလိုက်တဲ့ သူ့ရဲ့ နောင်တတစ်ခု။
သူ စိတ်စောသွားခဲ့တယ်။ ဒီလူတွေကို ဒီအတိုင်း လွတ်မပေးလိုက်သင့်ဘူး။ သူတို့တွေရဲ့ အဆုံးအသတ်က ဘယ်လိုနည်းနဲ့မှ မငြိမ်းချမ်းစေရဘူး။သူ ကျိန်ဆိုတယ်...။အဲ့ဒီလူတွေရဲ့ အဆုံးသတ်က သူ့လက်ထဲမှာပဲ ပျက်ပြားသွားစေရမယ်။

ဟွားယွမ်က အဲ့ဒီစိတ်နဲ့ပဲ နောက်ဘဝ ဘဝအသစ်ကို မကူးပြောင်းလိုက်နိုင်တာဖြစ်သည်။သူက မကျွတ်လွတ်နိုင်ဘဲ အငြိုးအတေးတွေ စုစည်းထားတဲ့ လက်စားချေမဲ့ဝိဉာဉ်တစ်ကောင်ဖြစ်လာခဲ့သည်။

သူ၏ ချစ်ရသူသည်က အပူအပင်ကင်းစွာနဲ့ပဲ နောက်ဘဝကို စောစီးစွာ ကူးပြောင်းလိုက်နိုင်ပြီး ပြန်၍မွေးဖွားလာနိုင်ခဲ့သည်။

ဟွားယွမ်က ဝိဉာဉ် အဖြစ်နဲ့ပဲ ချစ်ရသူရဲ့ ဘေးအနားမှာ အရိပ်တကြည့်ကြည့်နဲ့ အမြဲတမ်းရှိနေပေးခဲ့တယ်။
ချစ်ရသူ လူဝင်စားပြီး ဆယ့်နှစ်နှစ်အကြာမှာတော့ ကံကြမ္မာက သူ့ကို မျက်နှာသာပေးလာခဲ့သည်။

အဲ့ဒီမျက်နှာသာပေးမှု့ကြောင့်ပဲ ဟွားယွမ်က လူ့လောကထဲကို ပြန်လည် ဝင်ရောက်လာနိုင်ခဲ့သည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now