အပိုင်း၁၁

12.6K 977 19
                                    

Unicode

ကျိုးသခင်ကြီးက ရှောင်ဟန်ကို တရားဝင်စာချုပ်စာတန်းဖြင့် မွေးစားရန် ကျိုးအိမ်တော်ရဲ့ကိုယ်ပိုင်ရှေ့နေတစ်ယောက်ဖြစ်တဲ့ လော့ရှန်း ကိုပဲ သူ့ရဲ့ လုပ်ဆောင်ချက်များကို ညွှန်ကြားပြီး စာချုပ်ကိစ္စကို အဆုံးသတ်လိုက်တယ်။ကျိုးသခင်ကြီးက ယခုမှ စိတ်အေးသွားဟန် ဖြင့်သက်ပြင်းမော တစ်ချက်ကို ချလိုက်နိုင်ပြီဖြစ်သည်။ ကလေးတစ်ယောက်ကိုမွေးစားဖို့ သူ့အတွက်က သိပ်ပြီးမခက်ခဲပေမဲ့ ဒီလိုမျိုးသားတစ်ယောက်ရဖို့က ထင်သလောက်မလွယ်ကူတာ ကျိုးသခင်ကြီးအသိပေ။

ကျိုးသခင်ကြီးကရှောင်ဟန်ကို ဒီနှစ်ကုန် နောက်နှစ်မှာပဲ အထက်တန်းကို ကျိုးရန် နှင့် အတူတက်စေရန် စီစဉ်လိုက်သည်။ သားငယ်ကတော့ အဖျားကလည်းသက်သာ နေတာကြာပြီဖြစ်တဲ့အတွက် ရှေ့ရက်မှာပဲ ကျောင်းပြန်တက်ခိုင်းရန် ကြံရွယ်လိုက်သည်။ ရှောင်ဟန်က သူရဲ့ဂေဟာမှာ အထက်မြတ်ဆုံးစာတော်တဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် ကျိုးအိမ်တော်ရဲ့ရှယ်ယာဝင်ထားသည့် ကိုယ်ပိုင်ကျောင်းကြီးရဲ့ ကျောင်းအုပ်က ချက်ချင်းပင်လက်ခံလိမ့်မည်ဖြစ်၍ အရာရာတိုင်းက အဆင်ပြေပြေနဲ့ အဆုံးသတ် သွားခဲ့သည်။

ရှောင်ဟန်လည်း ယခု မှ စိတ်လွတ် ကိုယ်လွတ် အနားယူနိုင်ပြီးဖြစ်တာကြောင့် အခန်းရဲ့ မွေ့ရာ ပေါ်သို့ မှောက်ယက် အနေအထားဖြင့် အိခနဲနေအောင် တိုးဝင်ကာ မျက်နှာမူလိုက်ပြီး တစ်နေ့လုံးပင်ပန်းထားသောကြောင့် သူနှစ်ခြိုက်စွာ အနားယူရန် ပြင်ဆင် လိုက်တော့သည်။

သူအိပ်မှဖြစ်မည်လေ တစ်နေ့လုံး သူ့မှာ မွေးစားအဖေ စီစဉ်တာ တွေကိုပဲကြည့်နေခဲ့ရတာ။ မွေးစားအဖေကတော့ သူ့ကိုအမှန်အကန် မွေးစားပြီး သူပြောဆိုထားသည့် အချက်တွေ သူ့ကို အမှန်တိုင်းဆောင်ရွက်ပေးတာကို သိစေချင်၍ဖြစ်သည်။ ထိုမှသာ ရှောင်ဟန်က သူ၏သားလေးကို အချိန်တိုင်း စိတ်မကွက်ပဲ စောင့်ရှောက်ပေးဖို့ရည်ရွယ်သည်ကို အသိအသာကြီးပင်။

အရာရာတိုင်းတွင် အပေးအယူဆို ရှိစမြဲပင် မဟုတ်လား။ အယူရှိလျှင် ပြန်ပေးရမှာပင်။ ရှောင်ဟန်လည်းဒါကို သိရှိထားပါသည်။ ရှောင်ဟန်ကို မွေးစားအဖေက ဒီလိုတွေ မလုပ်ပေးပဲ စောင့်ရှောက်အဖော်ပြု ခိုင်းသည်ကမှ သူ့အတွက် တော်ပေအုံးမယ်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now