အပိုင်း၁

37.8K 1.6K 31
                                    

Unicode:

တရုတ်နိုင်ငံ၊ရှန်ဟိုင်းမြို့ရှိ ကျိုးအိမ်တော်၏အရှင်သခင်ကြီး ကျိုးဟန်သည်က စီးပွားရေးလောကရဲ့ဘုရင်လို့တောင် တင်စားကြရတယ်။သူ့ရဲ့လုပ်သက် ၁၁နှစ်ကာလ အတွင်း ယခုလိုမျိုးအခြေအနေထိရောက်အောင် ကြိုစားရုန်းကန်ခဲ့ရခြင်းဖြစ်သည်။
သူ့ရဲ့စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Shine star ကုမ္ပဏီဟာ နိုင်ငံရဲ့ထိပ်တန်းစာရင်းတွင်နံပါတ်၂ ချိတ်၍နှစ်စဥ်နေရာယူနိုင်ခဲ့သည်။ယခုတွင် သူ့အသက်က ၃၈နှစ်ရှိပြီဖြစ်သည်။
ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူက သူ၏ ဖခင် ပင်မကျိုးအိမ်တော်၏ သခင်ကြီးဖြစ်သည်။
သူကတော့ ကုမ္ပဏီ၏ MDတစ်ယောက်။
ကုမ္ပဏီရဲ့MDတစ်ယောက်ဖြစ်သည့် ကျိုးဟန်က
ယခုကဲ့သို့သောအောင်မြင်မှုမျိုးကိုလွယ်လွယ်ဖြင့် ရရှိခဲ့တာတော့မဟုတ်ပါချေ။
ကျိုးသခင်ကြီးက သူ၏အချိန်များအားလုံးကို အလုပ်ထဲတွင်သာကုန်ဆုံးခဲ့ရတာဖြစ်သည်။
မနက်7နာရီမှညနက်သည်အထိအလုပ်တွင်သာအချိန်ကုန်ခဲ့ရလေသည် ။
ထို့ကြောင့်လည်း ကျိုးသခင်ကြီးသည်ကား ကျိုးအိမ်တော်တွင် ဖြစ်ပျက်နေသည့် အိမ်တွင်းရေးပြသာနာများကို လုံးဝမသိခဲ့ရပေ။သူသည် မသိရှိနိုင်ခဲ့...။

ကျိုးသခင်ကြီးမှာ အသက် ၃၉နှစ် အရွယ်ရှိပြီဖြစ်တဲ့
အရွယ်တင်ပြီး ချောမောလှပတင့်တယ်လွန်းလှတဲ့ ဇနီးသည်အမျိုးသမီးတစ်ဉီးရှိတယ်။အများအမြင်တွင်တော့ သူမက အသက်၃၅နှစ်လောက်ဟုသာထင်ရသည်။

သူမ၏ နာမည်က ကျိုးယွဲ့မူ။ သူမက အနည်းငယ်မောက်မာတတ်သည့် အသွင်မျိုးရှိပြီး ပြတ်သားသည့်အမျိုးသမီးဟန်ပန်နဲ့ဖြစ်သည်။သူတို့ရဲ့
အိမ်ထောင်သက်က ၁၃နှစ်ကာလရှိပြီဖြစ်ပြီး သားယောကျားလေးနှစ်ယောက်ဖြစ်ထွန်းသည်။သားများ၏ အမည်နာမတို့သည်ကား ကျိုးရန် နဲ့ ကျိုးယွင် ပင်ဖြစ်သည်။
ကျိုးရန်က လူကြီးသူမများအမြင်တွင် နာခံတတ်သည့်ဟန်ပန်ရှိပြီး ကွယ်ရာတွင်တော့ ညီငယ်လေးကို အကောက်ကြံပြီး အနိုင်ကျင့်တတ်သည်။
ကျိုးရန်က မထုံတတ်သေးရှိလှတဲ့ ညီငယ်ကို မိခင်၏ သူ့ကို အလေးပေးထားမှု့ကြောင့် ယောင့်တက်ပြီး အနိုင်ကျင့်တတ်သည်။အမှန်တိုင်း ဝန်ခံရမည်ဆိုပါက မိခင်ဖြစ်သူကလဲ အလိုတူ အလိုပါပါပင်။ ဘာကြောင့်မှန်း မသိပေမဲ့ ထိုမိခင်ဖြစ်သူ၏ တွန်းပို့ လှုံ့ဆော်မှုကြောင့် ကျိုးရန်၏ ကျိုးယွင်အပေါ် ဆက်ဆံလာသည့် ရန်လိုမှုက
ပိုဆိုးလာခဲ့တယ်ဆိုတာ အမှန်ပဲဖြစ်သည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now