Unicode:
ကျိုးအိမ်တော်၏ ညစာစားမည့်ထမင်းဝိုင်းသည်ကားတိတ်ဆိတ်ပြီးငြိမ်သက်လျက်။မည်သူတစ်ဦးတစ်ယောက်ကမှ ထမင်းစ၍ မစားကြသေးပေ။ မစားကြရသေးတာထက် စားခွင့်မရသေးတာဆို ပိုမှန်လိမ့်မည်။
အကြောင်းရင်းကတော့ အိမ်တော်၏စည်းကမ်းချက်ဖြစ်သည့် ညစာကိုလူစုံတက်စုံမှ စားရသည့်စည်းကမ်းချက်ကြောင့်ဖြစ်သည်။
ထမင်းစားဝိုင်း ရှေ့အလယ်ဗဟိုတည့်တည့်တွင်ထိုင်နေသည့် ကျိုးသခင်ကြီး၏မျက်နှာက တည်ငြိမ်လျက်ရှိပြီး စကားတစ်ခွန်းမှပင်မပြောပါချေ။ ကျိုးသခင်မရဲ့မျက်နှာကတော့ ခန့်မှန်းရခက်စွာ ။ကျန်ရှိသည့်သူများကတော့နေရခက်စွာဖြင့် အသီးသီး အသံတိတ် ငြိမ်သက်လျက်ရှိပြီး စကားတစ်ခွန်းမှ မဆိုရဲကြ။ထိုသူများအထဲတွင်ဉီးလေးကျိုးချန်လည်း အပါအဝင် ဖြစ်သည်။အချိန်တစ်အောင့်အကြာတွင်တော့
ကျိုးသခင်မကြီးက စိတ်မရှည့်တော့သည့်ပုံစံဖြင့်
မျက်မှောင်ကျုံ့ ရှစ်ခေါက်ချိုးကာ ကျိုးသခင်ပကီးဘက်ကို ခေါင်းလှည့်လာသည်။သူမက ခင်ပွန်းသည်၏ အမူအရာက်ု တချက်အကဲခတ်လိုက်ပြီးမှ အလိုမကျသည့်စကားစလာသည်။"ကျစ်!...ဒီကလေး အားယွင်က အခုချိန်ထိဆင်းမလာသေးဘူး...ဘာလုပ်နေတာမို့လို့လဲ"
ထိုသို့ဆိုရင်း သူမက သခင်ကြီး၏အရိပ်အခြေကိုထပ်မံ၍ တစ်ချက်ကြည့်လိုက်သေးသည်။
ထိုနောက် သူမက ထပ်မံဆိုလာသည်။"အကျင့်တွေက ပျက်နေပြီ...လူကြီးတွေစောင့်နေရတာ ဆယ်မိနစ်တောင်ရှိနေပြီ...မလာသေး.."
ကျိုးယွဲ့မူရဲ့စကားမဆုံးသေးခင်မှာပင် ကျိုးသခင်ကြီးက သူမဘက်ကို လက်ဟန်ပြလာကာ တည်ငြိမ်သည့် လေသံအသွားအလာဖြင့်ဆို၏။
"တော်ပြီယွဲ့မူ သားကိုအပြစ်တင်နေလဲဘာထူးမှာလဲ...တစ်ယောက်ယောက်ကိုသွားခေါ်ခိုင်းလိုက်...အချိန်ကုန်တယ် ငါလည်းလုပ်စရာအလုပ်တွေရှိသေးတယ်"
ကျိုးသခင်မက သခင်ကြီးထံကနေ အချိန်မလေးစားတဲ့သေနာလေးကို အပစ်တင်ပြောဆိုတာကို ကြားချင်တာကို အခုလို အလုပ်မဖြစ်ပဲ လွယ်လွယ်နဲ့ပြီးသွားတာကြောင့် အသံတိတ်ကြိမ်ဆဲလိုက်သည်။
မျက်နှာတွင်တော့ မည်သည့်အမူအရာကိုမှ သူမက ဖော်ပြမလာပါပေ။ အပြုံးချိုချိုတစ်ချက်ကိုသာ လုပ်ပြုံးလိုက်ပြီး နံရံထောင့်ချိုးတစ်လျောက်စီမှာ အသံတိတ်ကာ တန်းစီရပ်နေသည့် အစေခံမလေးများစီကို ခေါင်းတစ်ချက်စောင်းငဲ့လိုက်သည်။
သူမက အိမ်ဖော်မိန်းကလေးများထဲမှ မျက်မှန်းတည့်ရာတစ်ယောက်ကို မေးငေ့လိုက်ပြီး စေခိုင်းလေသည်။

YOU ARE READING
အရူးညီလေးကမွေးစားအစ်ကိုကိုသိမ်းပိုက်ဖို့ လိမ္မာချင်ယောင်ဆောင်နေတယ်[Ongoing]
RomanceTitle - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင်ဆောင်နေတယ် ဟန်ဆောင်ကောင်းပြီး မာယာများတဲ့Psycho Semeလေးနဲ့ အယုံလွယ်ပြီး ရိုးအတဲ့Ukeကောကောတို့ရဲ့ အချစ်ဇာတ်ကြောင်းလေးပါ❤ Warning 🔞 🚫 Genre...