Part 2

1.2K 58 1
                                    


မာယာဖြူဖြူ

အပိုင်း(၂)

03040646

#မာယာဖြူဖြူ

" ကောင်းစံတဲ့...အင်း...ရုပ်ကလေးကတော့ မဆိုးပါဘူး...အိုပါးတို့လောက်တော့ ဘယ်ချောပါ့မလဲ....ဟင်း...အမေ့ကလည်း ဘာလို့ ငါ့ကို ကိုရီးယားမှာ မမွေးခဲ့လဲ မသိပါဘူး အေးလေ....ဒီလောက်အနေအထားပဲ ရမှာပေါ့...ကြည့်ပျော်ရှုပျော်ဆိုရုံပါပဲ... ....အင်း...မျက်နှာက သေချာ အချိုးမကျပေမဲ့ မျက်ခုံးကောင်းကောင်းနဲ့ ကြည့်တော့မဆိုးလှပါဘူး..မေကြည်ကလည်း သိနေတာကြာပြီ အမေလိုပဲ သမီးယောက္ခမ အဆင်ပြေမယ် မိသားစုကလည်း နည်းတယ် သားအကြီးဆိုတော့ အမွေတောင် ပိုရရင် ရမှာ ကလေး သုံးယောက်လောက်မွေး နိုင်ငံခြားကို ပြောင်းရင်လည်း ပြောင်းမှာပေါ့...ဒီလို တွက်ကြည့်ရင် မဆိုးပါဘူး

ဟိုတခါ အိမ်လာတဲ့ အဘိုးကြီး အရွယ်ဆိုရင်တော့ သေတောင် မယူနိုင်ပါဘူး...ဘာပဲဖြစ်ဖြစ်..ဒီတစ်ယောက်တော့ ခေါင်းညိတ်လိုက်တော့မယ်..အပျိုကြီးဆိုပြီး  အနှိမ်မခံနိုင်တော့ဘူး.."

ဘဲဥ လက်ထဲက ဖုန်းကို ကိုင်ရင်း အမေပြောတဲ့ ခင်ပွန်းလောင်းလျာ အကောင့်ကို ဆယ့်သုံးကြိမ်မြောက် ၀င်ကြည့်နေမိပြန်သည်။

ချစ်သူ ထားပြီး ရူးမိုက်ရမဲ့ အရွယ်မှ မဟုတ်တာပဲ..။

မိဘတွေ ပေးစားတာ ယူလိုက် ပြီးတာပဲ မလား..။

မေကြည်တို့က အဆင့်အတန်းရှိ ပိုက်ဆံရှိပြီး ဒီကောင်လေးက ပညာတက် နိုင်ငံခြားအထိ ရောက်နေတဲ့လူ..။

အိုပါးနဲ့ မတူလို့ ငြင်းလိုက်ရင်လည်း နောက်တစ်ယောက်က ရိပ်သာရောက်တဲ့အထိ ရောက်လာတော့မှာ မဟုတ်ဘူး..။

ဘဲဥ အတွေးများနေချိန် ကား က နှေးသွားတော့မှ ဖုန်းကို ကပျာကယာ သိမ်းပြီး မျက်နှာကို ပေါင်ဒါ နည်းနည်း ထပ်ဖိလိုက်ရသည်။

ကားပေါ်က ဆင်းလာချိန် ကားဘေးမှာ မိန်းမ တစ်ယောက် ကို ကလေး တစ်အုပ်က ဖက်ပြီး ငိုနေတာတွေ့တော့ ဘဲဥ နှာခေါင်းရှုံမိသည်။

သူများ တူတွေ တူမတွေများ အဒေါ် ခရီးသွားမှာမို့ အဖြစ်သည်းနေလိုက်ကြတာ ဆိုတာ..။

မာယာဖြူဖြူWhere stories live. Discover now