Part 20

514 56 2
                                    

20

မာယာဖြူဖြူ

အပိုင်း(၂၀)

#မာယာဖြူဖြူ

06120231

"အီး…..၀ါး…."

ဘဲဥ လက်နှစ်ဖက်ကို ဆန့်တန်းပြီး သမ်းလိုက်ရင်း တစ်ခု ကို သတိရလို့ ကပျာကယာ ထထိုင်၍ ရုပ်ရှင်တွေထဲက အတိုင်း ကျောကို စမ်းကြည့်ရသည်။

"ဟူး..တော်ပါသေးရဲ့…ချိတ်မပြုတ်လို့..နှာဘူးကောင် အစုတ်အပဲ့...ရှက်ဖို့ကောင်းလိုက်တာ..."

ဘဲဥ ညတုန်းက အကြောင်းကို ပြန်တွေးမိတော့ ဒေါသက ထွက်လာရပြန်ပြီ..။

အခန်းထဲကို တစ်ပတ်လည်အောင် ကြည့်ပြီး  ခုတင်ပေါ်က ဆင်းလိုက်သည်။

ဝရန်တာ တံခါးကို အကြည့်ရောက်သွားတော့ ကြက်သီးဖြန်းခနဲ့ ထသွားသည်။

ရေချိုးခန်း ၀င်ဖို့ အနားရောက်သွားပြီးမှ တံခါးကို ကိုင်ရင်း တစ်ခုတွေးမိသည်။

"ရေချိုးနေတာလား မသိဘူး.."

ဘဲဥ သတိအနေအထား ဖြစ်သွားကာ မျက်နှာ ရှုံ့မဲ့ရင်း မှန်ရှေ့က ခုံမှာ ခဏထိုင်စောင့်နေရသည်။

အောက်ကို သွားရင် ကောင်းမလား..။

အမလေး..မကောင်းဘူး..လုံးဝ မကောင်းဘူး..။

အမေ့က မိန်းမ ၀တ္တရားတွေကို တန်းစီပြီး သင်ဖို့ စောင့်နေမှာ သေချာတယ်..။

ဘဲဥ စိတ်ပြောင်းအောင် မှန်ခုံမှာ တင်ထားတဲ့ ပစ္စည်းတွေကို လိုက်ကြည့်နေရသည်။

"ဟမ်..နိုင်ငံခြားက ပုံလား.."

မိန်းကလေးက သူ့ပါးကို  ဖက်နမ်းနေတဲ့ ပုံကို ကြည့်ရင်း ဘဲဥ နှာခေါင်းရှုံ့မိသည်။

"ဘာတွေ စပ်စုနေတာလဲ.."

"အမလေး…လန့်လိုက်တာ.."

ဘဲဥ မလုံမလဲဖြစ်ပေမဲ့ လက်ထဲက ပုံကို ချလိုက်ကာ   မမြင်သင့်တာ မမြင်ရအောင် ခေါင်းကို လည်း တစ်ခါတည်း ငုံ့လိုက်ရသည်။

"ဒါ….မေရီ လို့ခေါ်တယ်…သူငယ်ချင်းပါ …"

"အမ်း.."

ကြမ်းပြင်မှာ ရပ်နေတဲ့ ခြေထောက်က ဘောင်းဘီစကို မြင်တော့မှ အသက်ရှု့ ၀ံ့တော့သည်။

မာယာဖြူဖြူWhere stories live. Discover now