Part 25

513 58 0
                                    


25

မာယာဖြူဖြူ

အပိုင်း(၂၅)

#မာယာဖြူဖြူ

06170553

"ဟမ်….ဘာလုပ်တာ…ဘယ်ရောက်သွားတယ်…"

ဘဲဥ မတက်သာလို့သာ အမှန်အတိုင်း ပြောလိုက်ရပေမဲ့လည်း စိတ်ထဲမှာတော့ အတော်လေး လန့်နေသည်။

ဒီနေ့ကျမှ အကျီ င်္အဟောင်းထဲက အနက်ရောင် ဂျင်းကုတ် ၀တ်မယ်ဆိုပြီး ဘီဒိုတွေ မွှေရှာနေတာ ဘဲဥ အတွက်တော့ ပြဿဒါးပင်..။

သူပဲ မ၀တ်ဘူးဆိုလို့ ရောင်းလိုက်ပြီပဲ..။

"ဘွားတော်…မေးနေတယ်လေ…"

ဘဲဥ မ၀ံ့မရဲ မော့ကြည့်လိုက်တော့ မျက်နှာက တွေ့နေကျပေမဲ့လည်း ကြောက်စရာ ပိုကောင်းနေသည်။

"ဟိုလေ…နင်လည်း မ၀တ်တော့ သိမ်းရဆည်းရ ရှုပ်လို့လေ…အဲဒါ…ရောင်းလိုက်တာ.."

"ဟား…ဘယ်သူ ရောင်းခိုင်းလို့လဲ…"

"နင်မှ မ၀တ်တာ…"

သူအော်တော့ ဘဲဥလည်း မခံချင်စိတ်ဖြင့် ပြန်အော်ပစ်လိုက်သည်။

"၀တ်ဝတ်…မ၀တ်ဝတ်..အဲလိုလုပ်လို့ရလား… ခွင့်တောင်းရမယ်ဆိုတာ ခင်ဗျား မသိဘူးလား..ဘွားတော်…ခင်ဗျား လုံးဝ မမိုက်ဘူးနော်…"

ဘီဒို တံခါးကို ခြေထောက်နဲ့ အားကုန်လွဲကန်လိုက်တော့ တံခါးက ပိတ်ပြီး ပြန်ကန်၍ ပွင့်လာသေးသည်။

ဘဲဥ ရင်တွေတုန်ကာ ကြောက်လို့ ချွေးပင် ပြန်ချင်လာသည်။

"ဘယ်နှစ်ထည် ရောင်းလိုက်ပြီလဲ….ဂျာကင်ပဲလား..တခြား..ဘာရောင်းသေးလဲ…"

ဘဲဥ ဘ၀မှာ သူများပစ္စည်းနဲ့ ပတ်သက်ပြီး တစ်ခါမှ အစစ်ဆေး မခံရဖူးတော့ စိတ်မကောင်းလည်း ဖြစ်သလို ကြောက်လည်း ကြောက်နေသည်။

အပြင်သွားဖို့ ပြင်ဆင်ပြီးမှ အကျီ ရှာရင်း ဒေါသ ထွက်နေတဲ့ သူ့မျက်နှာကလည်း အနီရောင်ပြောင်းတော့မည်။

တချိန်တုန်းက အုတ်ခဲပိုင်း ကောက်ကိုင်တာ နဲ့ ကိုယ်ထိလက်ရောက် ရေနဲ့ ပတ်လို့ သုံးရက်လောက် မျက်နှာစပ်နေတာကို သတိရတော့ ပို၍ ကြောက်လာသည်။

မာယာဖြူဖြူWhere stories live. Discover now