Part 29

562 48 0
                                    

29

မာယာဖြူဖြူ

အပိုင်း(၂၉)

မာယာဖြူဖြူ

06220130

"အား…အကျီ င်္တွေ တော်တော်လျော့သွားတာပဲ…မိန်းမ ဘယ်လောက်တောင် ရောင်းပစ်လိုက်တာလဲ.."

"ဟိုဘက်အစွန်းက ဘီဒိုက မ၀တ်တော့ဘူးဆိုတာတွေပဲ ရောင်းတာလေ.."

"ကော်ဖီ ဆိုင်ဖွင့်တာ မှားသွားတယ်..အကျီ င်္ရောင်းတဲ့ ဆိုင်ဖွင့်ရင် ကောင်းဖို့.."

သက်ဦး ပြောပြီး အနားကို ရောက်သွားတော့ ဘဲဥလေးက မမှီတဲ့အကျီ င်္တွေကို လှေကားဆင့်ပေါ် တက်ပြီး ချိတ်နေသည်။

ခါးကို သိမ်းပြီး ချီလိုက်တော့ ဟန်ချက်ပျက်ပြီး ပခုံးကို လက်နဲ့ ထိန်းကိုင်လိုက်သည်။

"ဘာလုပ်တာလဲ…"

"ချီပေးတာလေ.."

"မလိုပါဘူး..ချ.."

"တကယ်လား.."

"ဟ…ငယ်လေး…"

ပခုံးပေါ် ထမ်းတင်ပြီး ဇော်ထိုးလုပ်လိုက်တော့ ကျောကုန်းကို ထုတော့သည်။

"ပစ်ချမှာနော်…ငြိမ်ငြိမ်နေ.."

"အ….ချဆို.."

အငြိမ်မနေတဲ့ ဘွားတော်လေး ပြုတ်ကျမှာ စိုးလို့ အောက်ကို ချပေးလိုက်ရသည်။

"ဘယ်လဲ…"

"………"

ရေချိုးခန်းကို မေးငေါ့ပြတော့ သက်ဦး ရယ်ချိန် လက်မောင်းကို လိမ်သွားသေးသည်။

အ၀တ်တွေကို ပြန်ချိတ်နေရင်း ကော်ဖီဆိုင် ဖွင့်တာ မှားပြီလား တွေးမိသည်။

ကိုယ့်အိပ်မက်ဆိုပေမဲ့ စီးပွားရေး အဖြစ် လုပ်ဖို့ မလွယ်ကူသလို ဖြစ်နေသည်။

ဘွားဘွားဆီက မုန့်ဖိုးတောင်းသုံးရင်တောင် သက်သာဦးမည်။

"အင့်.."

"ဘာဖြစ်တာလဲ…ဘွားတော်.."

မျက်နှာရှုံ့မဲ့ပြီး ခေါင်းရမ်းနေတော့ သက်ဦး မျက်ခုံးတွန့်ကာ အနားကို ရောက်သွားသည်။

"ဘာဖြစ်တာလဲလို့.."

ဘွားတော်လည်း အဘွားကြီး ဖြစ်နေပြီ ထင်ပါရဲ့..။

မာယာဖြူဖြူWhere stories live. Discover now