Part 11

444 57 1
                                    

မာယာဖြူဖြူ

အပိုင်း(၁၁)

#မာယာဖြူဖြူ

09040717

"သမီး...."

"ဟုတ်ကဲ့..မေကြည်.."

"သင်တန်းမှာကော အဆင်ပြေရဲ့လား.."

"ပြေပါတယ်...မေကြည်ရဲ့..."

"အိမ်ကိုလည်း ဖုန်းပြောတယ်မလား..သမီးနဲ့ မေကြည်ကလည်း ဒီရက်ပိုင်း မတွေ့ဖြစ်တာ များတယ်...."

"ဟုတ်...မေကြည်က အလုပ်များတဲ့သူပဲ....ညပိုင်းထွက်တွေ့မလို့ပဲ..မေကြည် နားပါစေဆိုပြီး သင်တန်းက စာတွေ ပြန်လုပ်နေတာနဲ့ မထွက်လာဖြစ်တာ..."

"ဟုတ်ပါရဲ့..ခိုင်တို့ကော ဖုန်းဆက်သေးလား.."

"ဟုတ်..နေ့တိုင်း ဆက်ပါတယ်....မေကြည်က သင်တန်းအသွားအပြန်က အစ စီစဉ်ပေးထားတယ်ဆိုလို့ အမေ့က ကျေးဇူးတွေတင်နေတာ..."

"ကျေးဇူးတင်ရမဲ့ သူတွေမှ မဟုတ်တာ သမီးရယ်...ဒီလို ပြောကြေးဆို...သမီးကြောင့်ပဲ အိမ်မှာ အတော်လေး ပြောင်းလဲသွားတယ်လေ...သိတယ်မလား...ဟိုကောင်တွေပေါ့.."

"ဟုတ်..."

"...သမီး သင်တန်းမှာကော ဘာလိုအပ်လဲ.."

"မလိုပါဘူး..မေကြည်ဝယ်ပေးထားတဲ့ စက်ကလည်း အဆင်ပြေပါတယ်...ဥ က ခြေနင်းနဲ့ ဟာမျိုးပဲ ရှိတယ်ထင်တာ..ခုကျတော့ လျှပ်စစ်ဆိုတော့ ပိုအဆင်ပါတယ်.."

မေကြည်က ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးရင်း နားထောင်နေတော့ ဘဲဥလည်း သေချာ စကားပြောရသည်။

မေကြည်ကော ဦးလေးကော မနက်ဆိုတာနဲ့ အလုပ်သွားသလို ညပိုင်းကျတော့လည်း ဘဲဥက အားနာလို့ အခန်းထဲမှာသာ နေဖြစ်တာ များသည်။

ဧည့်သည်ဆိုပေမဲ့လည်း မိသားစု အစုံအလင်နဲ့တောင် ထမင်းတူတူ မစားဖူးပါဘူး..။

"ဟော..ခဏလေးနော်..သမီး.."

မေကြည်က ဖုန်းသံကြားတာနဲ့ အပြုံးဖြင့် ထသွားတော့ ဘဲဥ လိုက်ကြည့်နေမိသည်။

"ဟုတ်တယ်..သားရဲ့...မြကျေးဥနဲ့ စကားပြောဦးမလား..."

"ဟမ်.."

ဘဲဥ မျက်လုံးပြူးသွားကာ မနေတက် မထိုင်တက်ဖြင့် ရင်တုန်လာသည်။

မာယာဖြူဖြူWhere stories live. Discover now