Part 8

422 43 1
                                    

မာယာဖြူဖြူ

အပိုင်း(၈)

#မာယာဖြူဖြူ

07040658

"မိဇူး..နင်ဘာလို့ ငါ့စကား နားမထောင်တာလဲ.."

"ဟာ..တီဥကလည်း ဇူးကို မိဘတွေတောင် လွတ်လပ်ခွင့်ပေးထားတာ ဘယ်လို ဖြစ်နေတာလဲ မသိဘူး..အဲလို ပြောရလောက်အောင် ဇူးက အခြေအနေဆိုးနေလို့လား.."

"နင်က ကလေး …ဘာမှ သိတာ မဟုတ်ဘူး..သူ့လိုလူတွေက နင်တို့လို သူငယ်နပ်စားလေးတွေကို ကြံနေတာ သိရဲ့လား.."

"ဟွန့်…ဇူးက တီဥထက်တော့ သာပါတယ်နော်…အစ်ကိုသက်ဦး ကိုတောင် အဲလို တွေးနေရင် တီတီဥ ကတော့ တော်တော် ငယ်သေးတာပဲ.."

"ဘာ…နင်…ပြောမရ ဆိုမရ ဖြစ်နေရင်တော့ ငါ တိုင်မှာပဲနော်.."

"တိုင်ပေါ့..မေမေ့ကို ဇူးသေချာ ရှင်းပြလိုက်ရင် ပြီးသွားမှာ…သူနဲ့ ဇူးက အတူသွား အတူစားလောက်ပဲ ရှိတာပါနော်…ရိုးရိုးသားသားပဲ..အဲလောက်ထိ လိုက်စိတ်မပူပါနဲ့…ဒါပဲ..အလုပ်မှာမို့.."

"…….."

ဘဲဥ ပြောမရတာ သေချာသွားတော့ ဖုန်းချလိုက်ပြီး စိတ်ရှုပ်ရပါသည်။

ဇူးဇူး နဲ့ မပတ်သက်ဖို့ သတိပေးမိတာ မှားပြီလား.။

ခိုင်လေး ပြောတာ အိမ်ကိုတောင် ပါလာသေးတယ် ဆိုတော့ အပြင်မှာ တော်တော် ရင်းနှီးနေပြီ ထင်ပါတယ်.။

မနေ့တုန်းကလည်း ဖုန်းပြောနေတာ ကြားလိုက်သေးသည်။

"ကိုကို က ခေးပျော်ဖို့ စီစဉ်ပေးတာပဲ…နောက်ရက် ထပ်သွားရအောင်လေ.."တဲ့

မဖြစ်သင့်တာ မဖြစ်ရလေအောင် မိဇူးဆီ ဖုန်းဆက်ပြီး သတိပေးရင်း ခုလိုတွေ ပိုဆိုးကုန်ပြီ..။

တူမ ဖြစ်သူကလည်း ဘယ်တုန်းကမှ စကားနားထောင်တက်သူ မဟုတ်..။

ဒါ အမေ့တို့ မကောင်းတာလေ..။

တူ တူမတွေ ဆုံးမရင် ၀င်ဝင် ပြောတာ ခုတော့ ဘယ်သူမှ မလေးစားတော့ဘူး..။

ဘဲဥ နဲ့ မိဇူး မတည့်ပေမဲ့ ဒီလို ကောင်နဲ့ပတ်သက်ပြီး တစ်ခုခု ဖြစ်သွားမှာတော့ စိုးရိမ်ပါသည်။

မာယာဖြူဖြူWhere stories live. Discover now