Part 14

468 57 2
                                    

14

မာယာဖြူဖြူ

အပိုင်း(၁၄)

#မာယာဖြူဖြူ

07050912

"တီချယ်…ဥ ပြန်တော့မယ်.."

"ကားရောက်ပြီလား…"

"ဟုတ်"

နွေခေါင်ခေါင်ကြီး မိုးရွာမယ်မထင်ထား။

ထီးကလည်း အဆင်သင့်ဆောင်မထားတက်တော့ အိတ်ကို ပိုက်ရင်း အခက်တွေ့သွားသည်။

လှေကား အ၀ကိုအရောက်မှာ ထီးတစ်လက်နဲ့ ရောက်လာတဲ့  မြွေပွေးကောင်ကို တွေ့တော့ အံသြသွားသည်။

"မိုးကလည်းနော်..နွေဘက်ကြီး.."

"မုန်တိုင်းကြောင့်ပါ…လာလေ..မြန်မြန်…"

ဘဲဥ အိတ်ကို ပိုက်ပြီး လှေကားအောက်ကို ဆင်းလိုက်တာနဲ့ မိုးစက်တွေက စင်တော့သည်။

ထီးကို မိုးပေးထားရင်း ကားတံခါး ဖွင့်ပေးတော့ ကပျာကယာ ၀င်ထိုင်လိုက်ရသည်။

"ဟင်..နင် ကျောတွေ စိုကုန်ပြီ.."

"ရတယ်.."

"…….."

ရှေ့မှာ ကားမောင်းတော့မှ တွေ့လိုက်တာ…။

ဆံပင်ကနေ ရေတစ်စက်ချင်းကျနေသလို ကျောတွေလည်း စိုနေတော့ ဘဲဥ မလုံမလဲ ဖြစ်ရသည်။

သူက နောက်ကနေ ထီးကိုင်တာလေ…ငါကျတော့ တစ်စက်မှ မစိုပဲ သူကျတော့ ဘယ်လိုဖြစ်ပြီး စိုကုန်တာလဲ မသိပါဘူး..။

"ဘွားတော်.."

"ဟင်…"

"ဖေ့ဘုတ် အကောင့်သစ်ကို မသုံးဘူးလား.."

"သုံးတယ်လေ..ဘာလို့လဲ.."

"မသိပါဘူး..စာပို့ရင် မပြန်လို့.."

"တစ်အိမ်ထဲနေတာ စာပို့ပြီး ပြောစရာလိုလားဟ.."

တကယ်တော့ ညဘက် အိပ်မပျော်ခင်လေး ပျင်းလာရင် တစ်ယောက်ယောက်နဲ့ စကားပြောနေချင်သည်။

"ကိုယ်က အိမ်ထောင်မကျသေးပေမဲ့လည်း သေချာနေပြီ…ယောက်ျားလေးဘက်မှာ သွားနေရတော့ အစစ ဂရုစိုက်ပြီး အနေအထိုင် ကို သတိထား သိမ်သိမ်မွေ့မွေ့နေ ဒါမှ တစ်သက် ပြောစရာ မဖြစ်မှာ.."အမေ ပြောထားတာကို  တွေးမိပြန်တော့ မကောင်းဘူးထင်တာနဲ့ ဖုန်းသုံးလည်း ဘယ်ယောက်ျားနဲ့မှ စကားမပြောချင်တော့ပါဘူး..။

မာယာဖြူဖြူWhere stories live. Discover now