Part 5

472 44 0
                                    

မာယာဖြူဖြူ

အပိုင်း(၅)

#မာယာဖြူဖြူ

05040629

"ကိုအငယ်လေး.."

"အင်း.."

"ဘယ်လို မိန်းမ မျိုးကို ကြိုက်လဲ.."

"ငါကြိုက်တာလား…လက်ရှိဘေဘီလေးပေါ့.."

"အိုး…အဲလို စော်အများကြီးကို ပြောနေတာ မဟုတ်ဘူး…ကိုအငယ်လေး ကြိုက်တဲ့ပုံစံလေးကို မေးနေတာဗျာ…Cute Type လား Sexy Type လားလို့မေးတာ.."

"ဒီမှာတောင် ဘ၀ကူးပြီး ကားဆေးနေရတာနော်…ဘာတွေ လာစားနေတာလဲ…ဘာလဲ..မင်းနှမကို ပေးချင်နေတာလား.."

"ဟီး..ပေးချင်တာပေါ့…ဒါပေမဲ့ မရှိဘူးလေ…"

တိုးနိုင်ကို စကားပြန်ပြောနေရင်း သက်ဦး လက်ထဲက ရေဘုံးကို ခပ်ပြီး ကားဘေးက ဆပ်ပြာတွေကို ပတ်လိုက်သည်။

'အ..အိုး.."

"…….."

သင်တန်းက ပြန်လာတဲ့ ပုံစံမျိုး အိတ်တစ်လုံး ပိုက်ပြီး မျက်လုံးက အပြင်ထွက်လာလောက်အောင် ပြူးကျယ်ရင်း ကြည့်တော့ ဘာပြောရမှန်း မသိဖြစ်သွားသည်။

တိုက်တိုက်ဆိုင်ဆိုင် ဒီဘွားတော်အပုမကိုမှ ပတ်မိရတယ်လို့ကွာ…။

"အာ….ဒေါ်ကြီးက အသံမပေး ဘာမပေးကိုး..ဆောရီး.."

တိုးနိုင်က ၀င်ပြောလိုက်တော့ နှုတ်ခမ်းကိုက်၍ စူးစိုက်ကြည့်ပြီိး အိမ်ထဲဘက်ကို ၀င်သွားသည်။

သက်ဦး ခေါင်းရမ်းပြီး ကားကို ရေနဲ့ ဆက်လောင်းနေလိုက်သည်။

"အဟား..ဟား..ကိုအငယ်လေး…အဲ့Type ကြီးတော့ မကြိုက်နဲ့နော်…မမိုက်ပါဘူးဗျာ.."

"အဟွင်း…"

"ဘူးသီးနုနုပဲ ကောင်းတယ်…သူ့ကြည့်ရတာဗျာ…ကောက်ရိုးပုံစောင့်တဲ့ ခွေးကျနေတာပဲ…ဟိုဟာလိုက်ပြော…ဒီဟာ လိုက်ကြည့်နဲ့..မစားရပဲ ဟောင်နေတာနဲ့ တူတူပဲ..အေးလေ…သူများအိမ်မှာ လာနေရတော့ နေရစားရချောင်အောင်တော့ လုပ်ပြရတာပေါ့..နောက်ပြီး..ဒီလိုအိမ်ကြီးပေါ်ရောက်လာတော့ အခွင့်အရေး နည်းနည်းပေးလိုက်တာနဲ့ သူ့အိမ်လိုပဲ စိတ်ကူးယဉ်နေတာ နေမှာပေါ့…ဘွားတော်ကြီးက လူမိုက်ငှားထားတာလေ…ဟား..ဟား…အရူးဘုံမြှောက်…လူပု စိတ်တို ဆိုတဲ့ စကားတော်တော်မှန်တာပဲ…"

မာယာဖြူဖြူWhere stories live. Discover now