အပိုင်း၅

14.1K 1.1K 47
                                    

Unicode:

ယခုဆို ရှောင်ဟန် စီးလာခဲ့တဲ့ ကျိုးအိမ်တော်ဇိမ်ခံကားကြီးသည် ရှန်းဟိုင်းမြို့ရှိ ခမ်းနားထည်ဝါလွန်းသည့် ခြံဝန်းကျယ်ကြီးကိုမြင်တွေ့ရနိုင်သည့်အကွာဝေးသို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရှောင်ဟန်သည် သူ၏မျက်လုံးများကိုပင် မယုံကြည်
နိုင်​ ဖြစ်ရလောက်အောင် ခမ်းနားထည်ဝါလွန်းသော ခြံအုပ်တံတိုင်းများကိုစ၍ မြင်ရပြီ ဖြစ်သည်။

ဒါတောင်မှခြံဝန်းကြီးထဲကိုမရောက်သေးပေ။
ခြံအုတ်တံတိုင်းကြီးတွေက ဒီလောက်မြင့်ဖို့လို လို့လားလို့တောင် ပြန်တွေးယူရတဲ့အထိ မြင့်မားလွန်းလှတယ်။

ခြံဝန်းတံခါးတွင် Auto စနစ်များတပ်ဆင်ထားခြင်းကြောင့် ကားဝင်လာရန် ၅ကိုက်(ဂိုက်)လောက် အကွာတွင် အလိုအလျောက်တံခါးက ပွင့်လာခဲ့၏။

ရှောင်ဟန်သည် ကားမှန်မှတစ်ဆင့် အပြင်ဘက် ခြံဝန်းအထဲရှိ ရှုခင်းများကိုတငေးတမောလိုက်ကြည့်နေမိတော့သည်။ သူ့မှာ အံ့သြ မယုံကြည်နိုင်လွန်းလို့တောင် မျက်လုံးတွေ ပြူးကျယ်လာခဲ့ရသည်။ အခု သူကိုယ်တိုင်လည်း ပန်းဉယျာဉ်ခြံကြီး ထဲကို ရောက်နေသလို ခံစားလိုက်ရသည်။
ရှောင်ဟန်အော်ပြောလိုက်ချင်မိသည်..အဲ့လောက်ကြီးရှိဖို့လိုလို့လားလို့ ဆိုပြီး။
လူကုန်ထံ အသိုင်းဝိုင်းများသည်  ရှိပြီးရင်းရှိနေတော့တာပါပဲလို့ မတွေးဘဲမနေနိုင်အောင်ဖြစ်နေမိသည်။
အခု အဆင့်အတန်း မြင့်မားချက်ကြီးဟာ သူ့ဘဝရဲ့ အဆင့်နဲ့ ဆီနဲ့ရေလိုတခြားစီပင်ကွာခြားလွန်းလှတယ်။
ရှောင်ဟန်ကိုယ်တိုင်ကလည်း နတ်ပြည်ကိုလမ်းမှားပြီးရောက်လာတဲ့ အလေအလွင့် ဝိညာဉ် တစ်ကောင်လိုပင် ယုတ်ချည်းခံစားလိုက်ရသည်။
အလိုလိုနေရင်း မိမိက သိမ်ငယ်သွားသလိုပင်
ဖြစ်နေရချေပြီ။

ကျိုးသခင်ကြီးက တစ်ချက်တစ်ချက် သိမ်ငယ်သလို ဖြစ်လာခဲ့တဲ့ သူ့အဖြစ်ကို သတိထားမိလာကာ
နှစ်သိမ့်မှုပေးလာသည်။

"သား စိတ်တွေကျဉ်းကြပ်နေလား...စိတ်မပူပါနဲ့..အဆင်ပြေသွားလိမ့်မယ်...အန်ကယ်ကိုသားရဲ့အဖေရင်းတစ်ယောက်လိုသတ်မှတ်ပြီး..အန်ကယ့်သားလေးကိုရော ညီရင်းလေးတစ်ယောက်လို
စောင့်ရှောက်ပေးပါ..မနက်ဖြန်ကျရင်သားကို မိသားစုဝင်စာရင်းထဲထည့်ဖို့ ရှေ့နေတွေနဲ့တိုင်ပင်မယ်...ပြီးတော့အန်ကယ့်ကို အန်ကယ်လို့ခေါ်စရာမလိုတော့ဘူး...သားကြားလား"

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now