အပိုင်း၇

12K 1K 25
                                    

Unicode

ရှောင်ဟန်လည်း ကျိုးယွင် အခန်းထဲမှ သယ်ယူလာသောအရုပ်များကို မိမိအခန်း၏ မည်သည့်နေရာတွင်
နေရာချရမလဲကို အကြပ်ရိုက်နေလေသည်။ သူ ဒီအရုပ်တွေကို စာရေးစားပွဲမှာတင်ရင်ရော...မဖြစ်သေးပါ...ဒါကသဘာဝမကျ...။

ဒါဆိုရင် အဝတ် ဗီရို ပေါ်မှာနေရာစီထားလိုက်ရင်ရော... အဲ့တာလဲ မျက်စိထဲ တန်းမမြင်ရဘူး ...ကြည့်ချင်ရင်မော့ကြည့်နေရအူးမယ်။ ကျစ်...မသိတော့ဘူး ခေါင်းစားနေပြီ...ဒီတိုင်းကိုင်ထားရရင်လဲ အများကြီးကို...။

ခဏအကြာမှာ ရှောင်ဟန်ရဲ့ မျက်လုံးအကြည့်များက ကုတင်ခေါင်းရင်းဘက် မျက်နှာစာ နေရာအလွတ်သို့မျက်စိရောက်သွားလေတော့သည်။ အယ် ....တယ်တော်တဲ့ငါပါလား...။ကုတင်ခေါင်းရင်းရဲ့နေရာလွတ် တန်းပေါ်မှာသာ ဒီအရုပ်အကုန်လုံးကို စီထားရင် သူ အခန်းထဲ ဝင်လာရင်လဲ တန်းခနဲ
မြင်ရသည်။ အိပ်နေရင်းနဲ့ ဖက်အိပ်ချင်လာရင်လည်း လှမ်းယူလိုက်ရုံလေး။ဒီထက်ကောင်းတဲ့နေရာမရှိတော့။ဟုတ်တယ်အဲ့နေရာမှာပဲ ထားရမယ်။ ထို့နောက် ရှောင်ဟန်ရဲ့ အလုပ်ကြီးအကိုင်ကြီး အလုပ်ရှုပ်ခြင်းကစတင်လေတော့သည်။

ရှောင်ဟန်က တစ်ခုခုတွင် အာရုံစိုက်နေလျှင် အခြားအရာများကိုသတိမထားမိတတ်ပေ။သူက အရုပ်များကိုသာ ကုတင်ခေါင်းရင်းတွင် ဟိုဟာထားရင်ကောင်းမလား၊ဒီဟာထားရင်ကောင်းမလားဆိုပြီး အာရုံစိုက်ကာ အလုပ်ရှုပ်နေလေတော့သည်။ထို့ကြောင့်လဲ သူ့ကို အခန်းပေါက်ဝမှနေ၍ စူးစိုက်ကြည့်ကာ အစအဆုံး အကဲခတ်နေသော ကျိုးယွင်ကိုလည်း သူကမမြင်မိပေ။

ကျိုးယွင်ရဲ့မျက်လုံးများသည်ကား အဓိပ္ပာယ်
ဖော်ပြရ ခက်လောက်သော်လည်း သေချာကြည့်လျှင် သူရဲ့မျက်လုံးများကထွေပြားကာ နက်မှောင်နေလေသည်။

ကျိုးယွင်သည်လည််း ဖခင်က ရှောင်ဟန်ကို ထမင်းဆင်းစားဖို့ ခေါ်ခိုင်းလိုက်၍ ရောက်လာခဲ့တာ ဖြစ်သည်။ အခန်းဝကိုရောက်တော့ အခန်းတံခါးကိုခေါက်ရန်ပြင်ချိန်တွင် တံခါးကလော့ချမထားပေ။

ဒီလူကအခန်းတံခါးကိုတောင် လော့မချနိုင်ရလောက်အောင် ဘာတွေအလုပ်ရှုပ်နေရတာလဲဆိုတာ သိချင်စိတ်ဖြင့် မိမိကိုယ်တိုင်တောင် သတိမထားမိလိုက်ပဲ အခန်းတံခါးကိုဖွင့်လိုက်မိတာဖြစ်သည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now