07

1.3K 246 56
                                    

[UNICODE]

လတ်တလောတော့
Jiminတစ်ယောက် နေ့တိုင်း
အိမ်မကပ်နိုင်အောင်ပင်
အလုပ်ရှုပ်နေသည်။

ပထမဆုံးရိုက်ထားတဲ့drama က
လွှင့်နေပြီဖြစ်တာကြောင့်
Promotion လုပ်ဖို့ ပွဲတက်ရသည်။
နောက်ရိုက်မယ့် drama အတွက်
ဇာတ်ညွှန်း ကျက်ရသေးသည်။

ခဏနေ ကျရင်တော့
Tomato juice Drama publicity photoရိုက်ဖို့
Photoshoot အတွက်သွားရမှာဖြစ်သည်။

Min Yoongiနှင့်ကတော့
ပထမဆုံးပြောင်းလာသည့်နေ့က
တွေ့သည်မှလွဲ၍
နောက်ထပ်မတွေ့ရတော့ ။

ထိုနေ့က သူနှင့် Eun Seok hyungက
သေချာနှုတ်ဆက်တာတောင်မှ
ခေါင်းတချက်ပဲ ငြိမ့်ပြပြီး အိမ်ထဲဝင်သွားတယ်လေ။
သူလူတွေမကြိုက်တာ သိပေမဲ့
အဲ့လိုစကားတောင်မပြောကြေးလားနော် ။
အဲ့တာကြောင့်သူက ဂြိုဟ်သား မို့လို့
ရိပ်မိသွားမှာဆိုးလို့ လူတွေနဲ့ဝေးဝေးနေတာလို့
ပြောရင်လည်း Eun Seok hyung က
ခေါင်းခေါက်ပြီး မဟုတ်တာတွေဆိုပြီး ဆူဦးမယ်။

သူကော်ဖီသောက်ရင်း
ဟိုဘက်အိမ် ဝရန်တာ ကို
ကြည့်မိတော့ တံခါးပွင့်နေတာ တွေ့ရသည်။
ခါတိုင်းတော့ ပိတ်ထားတတ်သည်ပဲ
တွေးရင်း ဘာရယ်မဟုတ်ပဲ
လှမ်းချောင်းကြည့်လိုက်သည်။

ဘေးအိမ်နှင့်သူ့အိမ်ဝရန်တာသည်
ပန်းစိုက်ထားတဲ့ အုတ်ခုံလေးသာခြားသည်မို့
ခြေဖျားထောက်ကြည့်ရုံနှင့်
ဟိုဘက် ဝရန်တာက
လှုပ်လှုပ် လှုပ်လှုပ် လေးကို
တွေ့လိုက်ရသည်၊

အညိုရောင်အမွှေးလုံးလေး
ခွေးပေါက်လေးပဲ

ခွေးပေါက်စလေးက တစ်ယောက်ထဲ
ဘာလို့ဒီရောက်နေပါလိမ့်
လူရိပ်လည်းမမြင်ရဘူး ။

အမြင့်ကနေ ပြုတ်ကျသွားမှာ
စိုးရိမ်လို့သူကြည့်နေပေမဲ့
တော်သေးတာက ပေါက်စလေးက
အိမ်ဘက်ခြမ်းမှန်တံခါးအနားမှာပဲ
လှုပ်လှုပ် လှုပ်လှုပ်နှင့်လျှောက်သွားနေသည်။

ခွေးလေးကတကယ်ချစ်စရာလေးမို့
သူလိုက်ကြည့်နေမိပေမဲ့
တော်တော်ကြာတဲ့အထိ အထဲလည်းပြန်မဝင်သွား
လာခေါ်မည့်သူလည်းမရှိ ဖြစ်နေသည်။
အအေးမိတော့မှာပဲ ။

Hey! Mr.Rapper, I'm your Anti-fan [YM]Hikayelerin yaşadığı yer. Şimdi keşfedin