13

938 180 18
                                    


[Unicode]

Sunday Evening အဆောက်အဦး၏တစ်နေရာ

အသံသွင်း studio ထဲတွင်ဖြစ်၏။

သီချင်းစာရွက်ကိုင်ကာ ထိုင်နေသည့် ပန်းဖျော့ရောင်နှုတ်ခမ်းပါးနှင့်

သူမသည် မိတ်ကပ်ပါးပါး ကိုမသိသာအောင် လိမ်းခြယ်ထားသည်။

အသံသွင်းခန်းထဲသို့ ခပ်သွက်သွက်ဝင်လာသည့်

မိန်းကလေးငယ်အနားရောက် လာသည်နှင့်

ပျင်းတိပျင်းရွဲဟန်နှင့်ရှိနေရာမှ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

"ဘယ်လိုလဲ သူဒီနေ့ လာမှာတဲ့လား"

"ဟုတ် Suran unnine Producer Min ကလာမှာပါတဲ့ ။

အရင်အသံသွင်းထားပြီး သူလာကြည့်ပေးမယ် ပြောပါတယ် "

"ကောင်းပြီ ခဏနေ သူလာရင်သာ ပုံသေချာ ရိုက်ထားဖို့ ပဲ "

" ဟုတ် "

လက်ထဲက သီချင်းစာရွက်ကို

သဘောတကျ ကြည့်ပြီး သူမ အပြုံးတို့

လင်းလက်သွားသည် ။

သီချင်းက အရမ်းကောင်းသည်။

တစ်ကယ့်ကို အရည်အချင်းရှိတဲ့လူ။

လူလည်း သူမ အပိုင် ဖြစ်ရင်

ပိုကောင်းသွားမှာပဲ ။

ခဏအကြာမှာ သီချင်းကလက်စသတ်လို့

ပြီးသွားသည် ။

နောက်ဆုံးနေ့ မို့ အတူ ညစာစားဖို့

ခေါ်ပေမဲ့ ချိန်းထားတာ ရှိသည်ဟု

ဆိုကာ ငြင်းလိုက်သည်။

တော်တော်မလွယ်တဲ့သူ ။

ဒါပေမဲ့ ကိစ္စတော့ မရှိ ။

တခြားနည်းလမ်းတွေ အများကြီးရှိသေးသည်။

ဥပမာ သူမအိမ်မှာစောင့်နေတဲ့

ခွေးပေါက်လေး လိုပေါ့ ။

..

ထိုနေ့ညတွင် မိန်းကလေးအဆိုတော်

Shin Suran ၏ instagram မှ

သူမ ၏ secla ပုံ နှင့် တခြား

ပုံသုံးလေးပုံ တင်လာသည်။

Hey! Mr.Rapper, I'm your Anti-fan [YM]Opowieści tętniące życiem. Odkryj je teraz