14

966 176 8
                                    


[Unicode]

တောင်ကိုရီးယား ရဲ့ အင်အားကြီးစီးပွားရေးလုပ်ငန်းစုများအနက်မှ

ထိပ်တန်းနေရာတွင် အမြဲ နေရာယူထားသည်ကတော့

Great Nation လုပ်ငန်းစု ဖြစ်ပြီး

လျှပ်စစ်ထမင်းပေါင်းအိုး ၊ ရေခဲသေတ္တာ ၊ TV မှအစ

အဝတ်အထည် အဆုံး လူသုံးကုန်ပစ္စည်းအများအပြား

ထုပ်လုပ်ရောင်းချသည့် ကြီးကျယ်လှသည့်

ဒီ group ကြီး ကိုတော့

Great Nation ရဲ့ Nation ကို ကိုယ်စားပြုသည့်

Min family က ပိုင်ဆိုင်တာဖြစ်သည်။


GN group ရဲ့

မန်နေဂျာချုပ် ရုံးခန်းရှေ့တွင်

သေချာဂရုစိုက်ပြီး ပြင်ဆင်ထားသော

ကော်ဖီဗန်းကိုင်ရင်း ရပ်နေသော

လူတစ်ယောက် ။

'ဘယ်လိုလုပ်ရ မလဲ "'

မန်နေဂျာချုပ်ရဲ့ ညီငယ်လေးက

မကြာခဏရောက်လာဖူးတယ်ဆိုပေမဲ့

အခေါက်တိုင်းလည်း သူ့မှာ ကြောက်နေရဆဲ။

သဘောကောင်းပေမဲ့ အမြဲခပ်တည်တည်ပဲ

နေတတ်တဲ့ ဥက္ကဌကြီး

ငယ်ရွယ်ပေမဲ့ ထူးချွန် ထက်မြက် တဲ့

လက်ရှိ company ကို ဦးစီးနေသော သားအကြီးဆုံး မန်နေဂျာချုပ်

အနုပညာ လောကမှာ

လျှမ်းလျှမ်းတောက် အောင်မြင်နေသော

Music genius သားအငယ်။

ဒီလို တစ်ယောက်ထပ် တစ်ယောက်

ဂုဏ်ရောင် ကြီးမားလှတဲ့ Min မိသားစု က

လူတွေက အမြဲ အေးစက်တဲ့ အရှိန်အဝါတွေ

ထုတ်လွှတ်နေတတ်သေးတာ

အခု ရုံးခန်းထဲမှာ

ရှိနေတဲ့ နှစ်ယောက်ကြောင့်

လေထု က ပြင်းထန်တဲ့ အအေးဓာတ်တွေအပြည့် နှင့် ။

အသာအယာလေး တံခါးခေါက်ပြီး

ဝင်သွားဖို့ လုပ်ပေမဲ့

Hey! Mr.Rapper, I'm your Anti-fan [YM]Where stories live. Discover now