15

1.3K 142 37
                                    

[Unicode]

'hyung ရောက်နေပြီ တံခါးလာဖွင့်လှည့်ဦး'

သူ Jimin ဆီက စာပို့ထားတာကို မြင်မြင်ချင်းပဲ

ချက်ချင်းသွားဖွင့်ပေးပေမဲ့

လူကို မတွေ့တာကြောင့် ဖုန်းပြန်ခေါ်ရသည်။

ကြာနေလို့ စိတ်ဆိုးပြန်ပြီလား။

ရင်းနှီးမှ သိလာရတာက

အဲ့ ကလေးက လေ

တစ်ကယ့် ဒေါသအိုးလေး ။

စိတ်ကလည်းတစ်စက်မှ မရှည်။

သူ့စိတ်အလိုမကျဘူးဆို အသံပြဲနဲ့ အော်တတ်သေး။

အခုလည်း စိတ်မရှည်တော့လို့

မလာဘဲပြန်လှည့်သွားပြန်ပြီလားပဲ။

.

" ဒါက ရေခဲသေတ္တာထဲ ထည့်လိုက်မယ်နော်"

"အွန်းဒါတွေကို ငါသယ်ခဲ့မယ်။ "

"ဒါလေးတွေကျန်တာ ကျွန်တော်သယ်ခဲ့မယ်"

"သွားကြစို့ "

"ဟုတ်ကဲ့ hyung"

အိမ်ထဲဝင် အထုပ်တွေချရုံပဲချထားပြီး

အခန်းထဲဝင်သွားသော Jiminကို

Eun Seokသူ ပစ္စည်းတွေ နေရာချပေးရမလားမေးပေမဲ့
ရတယ် ကျွန်တော်ဘာသာလုပ်မယ်ပြောတဲ့ကောင်လေး။

အခုတော့ အဲ့ဒီ ကောင်လေး က

သူအဝတ်အစားလဲပြီးသည်နှင့် အချိန်ကိုက်

ရောက်လာသော Mr.Min စီမံတာကိုမှ

နာနာခံခံလေး လိုက်လုပ်နေသည်။

ဘေးလူဝင်ကူစရာမလိုအောင်

မိနစ်ပိုင်းလေးအတွင်းမှာပင်

စီစဥ်နေရာချ ပြီးစီးသွားတဲ့နှစ်ယောက်သား..

အနားမှာ ကူလုပ်ပေးဖို့ရပ်စောင့်နေခဲ့တဲ့

Lee Eun Seok ဟာလူပိုကြီးပါပဲ။

လုပ်စရာ မရှိဘူးဆိုပြန်တာပေါ့ ။

ဒါနဲ့ နှစ်ယောက်ကြားကလေထုက ထူးဆန်းလိုက်တာ

ဘာပါလိမ့် ဒီအတွဲညီနေမှုကြီးက .။

You've reached the end of published parts.

⏰ Last updated: Jan 07, 2022 ⏰

Add this story to your Library to get notified about new parts!

Hey! Mr.Rapper, I'm your Anti-fan [YM]Where stories live. Discover now