02

2.3K 367 76
                                    

Unicode |

လင်းထိန်နေတဲ့ အခန်းရယ်
အကျအနပြင်ဆင်ထားတဲ့ ပုံစံနှင့် အခန်းငယ်သည်
CF ရိုက်ကွင်းတခုရဲ့ Photo shoot
ဖြစ်ကြောင်းမှန်းလို့ရသည်က
အတန်းလိုက်ချိတ်ထားသော
နာမည်ကြီး အဝတ်အစား brandတစ်ခုရဲ့
Spring Collection ကြောင့်ပင်... ။

နှမြောစရာကောင်းစွာ
လင်းထိန်နေသော အခန်းငယ်နှင့်
ခြားနားကာ အုံ့မှိုင်းနေသည်ကတော့
Studioထဲမှာ ရှိကြတဲ့ လူတွေရဲ့စိတ်အခြေအနေ...

စည်းကမ်းတင်းကျပ်သည်ဟု
ကျော်ကြားပါသောPhotographer ရဲ့
အကြိမ်ကြိမ်စိတ်တိုင်းမကျမှုတွေကြောင့်
Model ကောင်ငယ်လေးသည်လည်း
မိနစ်သုံးဆယ်နားပြီး ရင်
နောက်တစ်ကြိမ် သေချာပြန်လုပ်ရမည်ဟူသော
ခပ်မာမာ စကားကြောင့် ထောင့်နားလေးမှာ
မျက်နှာငယ်လေးနှင့်
ငြိမ်ငြိမ်လေးသွားထိုင်နေရရှာသည်။

သူ့ဘေးနားက မန်နေဂျာဖြစ်ဟန်တူတဲ့တစ်ယောက်ကတော့
ငိုတော့မလိုဖြစ်နေတဲ့ ကောင်ငယ်လေးကို
ချော့မော့နေဟန်တူသည်။

ဝန်ထမ်းတွေအားလုံးကတော့
ကောင်ငယ်လေးကို သနားလျက်
ဒီဓာတ်ပုံဆရာက ဘာဖြစ်နေတာလဲ
တော်ရုံပဲလုပ်ပေါ့
ဘာလို့အဲ့လောက် တင်းကျပ်နေလဲ
တီးတိုးပြောရင်း စိတ်မကောင်းဖြစ်နေကြသည်။


**မန်နေဂျာ hyung ကျွန်တော် စိတ်ညစ်လွန်းလို့ရူးတော့မယ်ထင်တယ်.... မရိုက်တော့ဘဲ ပြန်တော့မယ်မဟုတ်ဘူး အဲ့တစ်ယောက်ကို တစ်ချက်လောက်ထိုးပြီးမှပြန်မယ်**

**Jiminine စိတ်လျှော့ပါ သည်းခံ ခဏပဲ သည်းခံရမှာပါ ခုလည်းပြီးသလောက်ရှိနေပါပြီ ဒီ CF က အရေးကြီးတယ်လေ နော် Jiminလည်းသိပါတယ်**

တစ်ခြားသူတွေနှင့် ခြားနားစွာ
Jiminတစ်ယောက်
စိတ်ထဲမှာ တော်တော် ဒေါသထွက်နေပြီဆိုတာကို
သိသော မန်နေဂျာအကိုကတော့
အတင်းဖြောင်းဖျနေရရှာသည်။

အမှန်တော့ Jiminသိပါတယ်
ဒါက မန်နေဂျာ အကို ကို
ဒီလို ပြောလည်း ပြီးသွားမှာမဟုတ်..

ပြီးတော့ ဒီလို နာမည်ကြီး Brand ရဲ့
Season Collection တခုလုံးရဲ့
Model ဖြစ်ဖို့ဆိုတာ
သူ့လို တက်သစ်စ မင်းသားပေါက်စလေး
တစ်ယောက်အတွက် အခွင့်အရေးကြီးတခုဖြစ်နေတာမို့
ဒီ ရစ်ထုတ် ဓာတ်ပုံဆရာကို သည်းခံနေရတာပင်။
ဘာ နာမည်ကြီး ဓာတ်ပုံဆရာလည်း
မသောက်ပဲ မူးလာတဲ့ အရစ်ထုတ်.. ။

Hey! Mr.Rapper, I'm your Anti-fan [YM]Where stories live. Discover now