10

966 199 6
                                    

[UNICODE]

' OK .Cut!

စိတ်တိုင်းကျ သွားသည့်ဟန်နှင့်
အော်ပြောလိုက်သည့် ဒါရိုက်တာကြီး
၏စကားအဆုံးမှာ ပြန်လည်အသက်ဝင်ရင်း
ဆူညံလှုပ်ရှားသွားတဲ့ ရိုက်ကွင်းနေရာ ။

'ဆယ်မိနစ်နားပြီးရင် ပြန်စပါမယ်'

ရိုက်ကူးရေးstaff ဆီက အော်သံကို
နားထောင်ပြီး နောက်မှာတော့
ပင်ပန်းနေဟန်ပေါ်သည့်
ခပ်ချောချောလူရွယ်သည်
ထောင့်နားက ထိုင်ခုံများချထားရာနေရာသို့
လျှောက်လာသည်။

သူထိုင်ခုံမှာ ထိုင်ချလိုက်ပြီးနောက်
ရေဘူးယူသောက်ရင်း
ဘေးနားမှာ ပျင်းရိပျင်းတွဲ ထိုင်နေတဲ့
ကောင်လေး ဆီ အကြည့်ရောက်သွားသည်။

**ပျင်းနေပြီလားJimin**

**နည်းနည်း**

**အဲ့တာများ ဘာလို့ အိမ်မပြန်လဲ ဘာမှမရိုက်ရဘဲဒီအတိုင်းနေနေရတာကို အခုက**

**Eun Seok hyungကခဏနေမှလာကြိုမှာ သူတခြားအလုပ်ရှိလို့ တနေရာသွားတယ် .. ရပါတယ် Hyungနဲ့ Noona ကိုဘေးကနေကြည့်နေတာပဲ ကျွန်တော်ကြည့်ပြီး သင်နေတာပါနော် **

**အေးပါ... ဒါနဲ့မင်းနဲ့ ဟိုတစ်ယောက်..**

မျက်စိထဲ ဝင်လာတဲ့
ဒါရိုက်တာ ကြီးဘေးနားက ပုံရိပ်ကြောင့်
Jimin အမြင်မှားနေတာလား ဇဝေဇဝါ ဖြစ်သွားရင်း
သေချာလိုက်ကြည့်ဖို့ကြိုးစားလိုက်သည်။
Yoongi hyung?

**အိုး Jae Min hyung ခဏလေးနော် **

စကားပြောရင်းတန်းလန်းနှင့်
လေအိုး အစ်ကိုကြီးကို
သူပစ်ထားခဲ့ပြီး
တစ်နေရာကို အပြေးလေးသွားလိုက်သည်။

ဒါရိုက်တာလီနှင့် စကားပြောနေတုန်း
အနားကပ်လာတဲ့ အရိပ်လေးကို
မြင်သော Yoongiသည်
စကားစတော့မပြတ်ပေမဲ့
ပခုံးလေးကို ဆွဲကိုင်ရင်း
ဘေးနားခေါ်ထားလိုက်သည်။

အမြဲတစေ လုပ်နေကျ
အပြုအမူ လို သက်တောင့်သက်သာ
ဖြစ်နေသော နှစ်ယောက်သားပုံစံကို
ကြည့်ရင်း စကားပြောနေသည့်
ဒါရိုက်တာကြီးကတော့ အံ့သြ သွားသည်ကို
မနည်းထိန်းလိုက်ရသည်လေ။

Hey! Mr.Rapper, I'm your Anti-fan [YM]Where stories live. Discover now